အပိုင်း[7]Arc-1( ယွီချင်းချင်း)

145 22 2
                                    

အ တော်ပင်  ညဉ့် နက်နေပြီမို့
ပါတ်ဝန်းကျင်မှာ အသံများပင် တိတ် ကျနေ လေ ပြီ။

ညဘက် အိပ်ဆောင် စောင့် ပေးမယ့်
အ စေခံ မ လေးတစ်ယောက်ကလွဲလို့
ကျန်တဲ့ လူများပင် ရှိမ နေ တော့။

မုရွှယ်မှာ သူဖတ်လက်စ စာအုပ် က လေးကို ဘေးချရင်း

ပါးစပ် ကို လက်နဲ့ကာ ကာ အသာ သမ်းဝေး လိုက်တယ်။

အိပ်ချင် စိတ်ကို ဆွဲဆန့် ထားရတဲ့
ချင်းချင်းမှာတော့
666 ကို သာ တိုးတိုး ကျိန်ဆဲ နေ တော့တယ်။

''အစုတ်ပလုတ် ကြောင်စုတ်
မဟုတ်ပဲ ပြောသွားတာတော့ မဟုတ် လောက်ဘူးမလား
အမုန်းဆုံးက အိပ်ရေးပျက်တာပဲ
ငါ့ကို Mission မှားပေးတာ ဆိုရင်တော့ ဖင်ကို ရိုက်ပစ်မယ် ဟွန့်''

ချင်းချင်းရဲ့ ပွစိ ပွစိ ပြောသံ ကြောင့်
မုရွှယ်မှာ လှည့်ကြည့်ရင်း

''မမ ချင်းချင်း အိပ်ရာ ဝင်ကြမယ်လေ
တော်တော်တောင် နောက်ကျ နေပြီ''

ချင်းချင်း ခေါင်းတစ်ချက် ညိတ်ရင်း
သ ဘောတူကြောင်းပြလိုက်တယ်။

မုရွှယ် သူ့ကို လှမ်းပြောရင်း
ရပ် စောင့် နေတဲ့ အ စေခံကို
လက်တစ်ချက် ဝေ့ယမ်းပြလိုက်တယ်။

မိန်းက လေး အ စေခံ က အလိုက်သိစွာပဲ

အခန်းတွင်း မှ မီးခွက် တစ်ချို့ကို လိုက်ငြှိမ်းရင်း အိပ်ရာ ဘေးမှ
မီးခွက်ကို မီးအုပ်နဲ့ အုပ်လိုက်တယ်။

ခပ် ဖျော့ ဖျော့ အလင်း တစ်ချို့သာ ကျန်ခဲ့ပြီး အိပ်ချင်စိတ်ကိုသာ ပို တိုးလာစေတယ်။

ချင်းချင်း အိပ်ရာ ဆီ သွားဖို့ ပြင်နေတုန်းမှာပဲ
မုရွှယ်မှာ အဝတ်အစားကိုပင် လဲပြီး နေ လေပြီ။

ချင်းချင်းမှာ တော့ လဲစရာ အပိုမပါသည်မို့  အ ပေါ်ဝတ်ကို သာ ချွတ်ရင်း
သက်တောင့် သက်သာ ဖြစ်စေဖို့
စီမံလိုက်တယ်။

ဒါကို တွေ့သွားတဲ့ မုရွှယ်က သူ့ကိုယ်သူ နဖူးလေးပြန်ရိုက်ရင်း

'' ညီမ မေ့သွားတာ အဝတ်လဲ ဖို့ ပေးမယ်လေ  ဒီဘက်ကို လာ မမ ချင်းချင်း''

အမုန်းဆုံး ဇာတ်ကောင် တို့ကို ကူညီခြင်းDonde viven las historias. Descúbrelo ahora