အပိုင်း[13]Arc-1(ယွီချင်းချင်း)

80 17 2
                                    

မုန့် ပန်းကန်လေးကို ဘေးနားအသာချပြီး
ရန်ပွဲ အနီးနားက သစ်ပင် တစ်ပင်ဆီ
ပြေးကပ် လိုက်တယ်။

သစ်ပင်နောက်က ခေါင်းအသာ ထွက်ပြီး
ကြည့် လိုက်တော့
ရှောင်ရွှယ်နဲ့ ချင်မျိုးရိုး ဇာတ်လိုက်ကောင်တို့
ခန္တာကိုယ်ချင်းတော့ ကွာသွားလေပြီ။

ခဏကြာတော့ ချင်ယဲ့ယွင် စကားနည်းနည်းပြောပြီး လှည့် ထွက်သွားတာ တွေ့လိုက်တယ်။

မျက်နှာနီကာ ဒေါသထွက်နေပုံရတဲ့
ရှောင်ရွှယ့် အနား အ ပြေးလေး သွားလိုက်တယ်။

''ရှောင်ရွှယ် ဒါ……ဒါ ဘာဖြစ်ကြတာလဲ''

ရှောင်ရွှယ်မှာ ဟမ့်ခနဲ တစ်ချက် အသံပြုပြီး

''အဲ့ဒီ အကျင့် မ ကောင်းတဲ့ လူ ပေါ့
ညီမ ဒီတိုင်း မမြင်လို့ တိုက်မိရုံ လေးကို
ကျင့်ဝတ် ထိန်းသိမ်းသင့်ပါတယ် ဘာ တယ် လာလုပ်နေတာလေ
ညီမ ဖြင့် သူ့ ကို မသိ ပဲနဲ့"

ချင်းချင်းမှာ မျက်လုံးပင် ပြုးသွားရရင်း

''ဟမ် တကယ်ကြီး နည်းနည်း လေးကို
မရင်းနှီးဘူးလား "

ရှောင်ရွှယ်မှာ ခေါင်းကိုသာ ခါပြရင်း

'' အဲ့လို လူကို သိစရာလား
မမချင်းချင်းက သိလို့လား
ဒီလိုမေးနေတာ"

ချင်းချင်း သူ့ လက်ကို လက်ညိုးထိုးပြရင်း

"လက်စွပ်လေ လက်စွပ် အဲ့ဒါ တွေ့တာ
တောင် မသိဘူးလား သွေးနီရောင်
ကျောက်စိမ်းလေ "

သူ့ စကားနားလည်ပုံမရပဲ ကြောင်တောင်တောင် ပြန်ကြည့် တဲ့ ရှောင်ရွှယ်ကြောင့် သက်ပြင်းသာ အသာချရင်း ပြောလိုက်တယ်။

'' ချင်အိမ်တော်နာမည်ကျော် စစ်သူကြီး ချင်ယဲ့ယွင် လေ "

ရှောင်ရွှယ်က တော့ နည်းနည်း လေးတောင် စိတ်ဝင်စားပုံ မရပဲ

'' ဘာ စစ်သူကြီးလဲ
ဘာဖြစ်ဖြစ် အကျင့်မှ မ ကောင်းတာ
နာမည်ကျော်လည်း ဘာအ ရေးလဲ
စိတ်တိုလိုက်တာ တကယ်ပဲ"

သူ့ စကားကြောင့် ချင်းချင်း မျက်လုံးသာ လှန်မိတော့တယ်။

အမလေး… မမလေးရဲ့
အဲ့ဒါ ရှင့် ခင်ပွန်းလောင်းကြီး ရယ်လို့
ဆွဲခါ ပြီးသာ ပြောလိုက်ချင်တော့တယ်။

အမုန်းဆုံး ဇာတ်ကောင် တို့ကို ကူညီခြင်းOnde histórias criam vida. Descubra agora