အပိုင်း [11]Arc-1(ယွီချင်းချင်း)

113 18 2
                                    

ချင်ဖန် နောက်က ပါလာသူ  အ ပေါင်းအပါ တို့မှာ သူတို့
သခင်လေးကို ပြေးထူကြ ပေမယ့်
သူ့ခမျာ ခြေ ထောက်ပင် ဆန့်ဆန့်
မရပ်နိုင်တော့။

ချင်းချင်း လက် က လေးနဲ့
ပါးစပ်ကို အသာကာရင်း

''အူ့စ် ………ဒီအဘွားလေး
နည်း နည်း အားပြင်းသွားတယ် ထင်တယ်''

ချင်ဖန်ရဲ့ အ ပေါင်း အသင်း သခင်လေး တစ်ယောက်က ရှေ့ကို တိုးလာရင်း

''မင်း ………ချင်အိမ်တော်ကိုများ
မထီမဲ့မြင် လုပ်ရဲတယ်ပေါ့
မင်း အသက်ကို မလိုချင်တော့ဘူးလား
ဟမ် ……မင်းတို့ တွေ က ဘာလုပ်နေတာလဲ အဲ့မိန်းမ ကို ဖမ်းကြ လေ''

သူ့ စကားအဆုံး တော့
ချင်ဖန်ကို တွဲထားတဲ့ လူတွေက လွဲလို့
ကျန်တဲ့ အ စေခံ တွေက ဖမ်းဖို့ ရှေ့ကို တိုးလာတော့တယ်။

ချင်းချင်းမှာ မူလ ကမ္ဘာမှာ
ကိုယ့် ကိုယ် ကို ကာကွယ်ရန်
ကိုယ်ခံပညာ သင် ထားသော်ငြား
လူ လေး ငါး ခြောက် ယောက် ကို တော့ လှဲသိပ်ရန်
သူ မတတ်ကျွမ်း သေး။

ချင်းချင်း သူ့ ဦးနှောက် က လေးကို
အမြန် အလုပ်ပေးရင်း
ခါးစည်း ပေါ် က အိတ်လေးကို
ဆွဲယူလိုက်တယ်။

မူလ ယွီချင်းချင်းရဲ့ အချစ်တော်
အ ကောင် လေး တွေက
ထို အိတ် ထဲမှာ ရှိ တယ်လေ……
ဝိုင်းလာတဲ့ လူတွေ ဆီကို
အိတ် ထဲက ဝါးကျဉ်တောက်ကို ဖွင့်ကာ
ဝဲပစ်လိုက်တော့တယ်။

ကင်းမြီးကောက် သေးသေးကြီးကြီးတို့ဟာ
ထိုလူတို့ဆီ ပျံဝဲ ကြပြီး
ဈေးလမ်းကြားက နေ
ကပွဲ ကြမ်းပြင် အဖြစ် ပြောင်းသွားတော့တယ်။

တွန့်လိမ်ကာ သူတို့ အ ပေါ်
ကျလာတဲ့  အ ကောင် တွေ ကို
ရှောင်နေ ပေမယ့်  ငါးယောက် ခြောက်ယောက် စာ တော့
လုံလုံ လောက်လောက် ကို
တုပ် နိုင်ကြ တယ်။

သေ စေ နိုင် လောက်တဲ့  အဆိပ်မရှိပေမယ့်
သုံးလေးနာရီ လောက်
အ ကြောဆွဲ သွားအောင်တော့
ထို အချစ်တော် ကောင် လေး တွေက
လုပ်နိုင်လေတယ်။

ယောကျာ်းအ စေခံ အားလုံး လိုလို
မြေ ပေါ်  လဲ ကျ ကုန်တာမို့
နောက်ဆုံး ချင်းချင်းဟာ
အရွက် တစ်မျိုးကို ခြေကာ
သူ့ ကင်းမြီး ကောက်တို့ကို
ပြန်ခေါ် လိုက်တယ်။

အမုန်းဆုံး ဇာတ်ကောင် တို့ကို ကူညီခြင်းWhere stories live. Discover now