ပေါက်စီလေးကို ကလေးထိန်းခန်းသို့စတင်ပို့ခြင်း

1.7K 236 14
                                    

နေရောင်ခြည်ဟာ ပတ်၀န်းကျင်တစ်ခုလုံးကို အလင်းပေးလို့နေသည်။ ဟဲ့ယောင်းရွှယ်ရဲ့တိုက်ခန်းဟာ နေရောင်မ၀င်လာပေမယ့်
နှိုးစက်သံကြောင့် မနက်လင်းပြီးဖြစ်ကြောင်း
သူမသိလိုက်သည်။
သူမကပေါက်စီလေးရဲ့နဖူးကို နမ်းကာ
ရေချိုခန်း၀င်ရင်းသန့်ရှင်းရေးလုပ်လိုက်သည်။  ဒီနေ့က သူမသားကိုအလုပ်ကိုခေါ်သွားမှာဖြစ်လို့ သူမမနေ့ကထက်ပိုမြန်မြန်လေး ပြင်ဆင်လိုက်သညိ။

မနက်စာကို ခေါက်ဆွဲသာစီစဥ်လိုက်ပြီး
သူမသားအတွက်တော့ ပဲနို့ပူပူလေးပါပြင်ပေးထားလိုက်သည်။
သူမသားကိုနိုးလိုက်တော့သည်။

"ပေါင်ပေ့  အိပ်ရာထတော့နော်
မေမေနဲ့အတူတူ အလုပ်ကိုသွားမယ်။
အ၀တ်အစားလဲကြမယ်"

သူမအသံကြားသည်နှင့် အိပ်ရာထဲမှပေါက်စီလေးသည် လူးလွန့်လာသည်။ ထို့နောက်
သူရဲ့မျက်တောင်လေးတွေကိုခတ်ကာ နိုးကြောင်းပြလေသည်။

"မာမီ့က ပေါင်ပေ့ကိုတကယ်ခေါ်မှာလား"

ပေါက်စီလေးက သူ့လက်သေးသေးလေးတွေနဲ့ မျက်လုံးကိုပွတ်ကာမေးလာသည်။

သူမသားရဲ့မျက်လုံး ထိခိုက်မှာစိုးသောကြောင့် လက်သေးသေးလေးတွေကို ထိန်းကိုင်ရင်း
ပြန်ဖြေလိုက်သည်။

"ဒါပေါ့  ကဲအခုပြင်လိုက်ကြရအောင်"

"ဟုတ်"

ပေါက်စီလေးကို သန့်ရှင်းရေးလုပ်ပေးပြီးတော့ ယုန်ရုပ်ကလေးပါသည့် အင်္ကျီအဖြူရောင်လေးကို ဘောင်းဘီအပြာရောင်လေးနှင့် တွဲကာ၀တ်ပေးလိုက်သည်။

သူမသားရဲ့ကြည်လင်သည့်အသားအရေနှင့်
အ၀တ်အစားတို့၏အရောင်သည် ပဏာရလို့နေသည်။ သူမကအရင်ဘ၀က ကလေးတစ်ယောက်မွေးစားဖို့အလိုရှိတာဖြစ်သည့်အတွက် ဘယ်လိုအ၀တ်အစားမျိုး၀တ်ဆင်ပေးရမလဲဟု အမြဲစိတ်ကူးယဥ်လေ့ရှိသည်။
မျေဝာ်လင့်မထားစွာပင် ဒါကအမှန်တကယ်ဖြစ်လို့လာခဲ့သည်။

သူမကပေါက်စီလေးကို အ၀တ်သေချာ၀တ်ပေးပြီး မီးဖိုချောင်ထဲခေါ်လာလိုက်သဘ်။ ထို့နောက်မှပေါက်စီလေးကို ခုံပေါ်တင်ပြီး
စားစရာများကိုပြင်ပေးလိုက်သည်။

ကလေးတစ်ယောက်မွေးစားချင်တာ နိုးလာတော့ကလေးတစ်ယောက်ဘေးမှာရှိနေတယ်(OC)Where stories live. Discover now