သူတို့လက်ထပ်လိုက်ကြပြီ..

1.1K 176 16
                                    

ရှောင်ဟုန်လေးကတော့ သူ့ဒယ်ဒီအခန်းမှာကျန်နေခဲ့သော်လည်း ဟဲ့ယောင်းရွှယ်ကတော့ သူ၏အသစ်စက်စက်ခင်ပွန်းဘော့စ်ကို ရင်ဆိုင်ရန်အင်အားအပြည့်ရှိမနေပါချေ။
သူမသည် ရှောင်ဟုန်လေးကိုအနမ်းပေးကာ တစ်ကျိုးတည်းအလုပ်နေရာသို့ပြေးထွက်သွားလေသည်။

ဖုကျန်းဖန်ပြေးထွက်သွားသည့်သူ့ဇနီးကျောပြင်ကိုကြည့်ကာ မသ်ိလိုက်ဘာသာ ပြုံးမိသွားတော့သည်။

စားပွဲပေါ်က စာအုပ်နီများကိုကြည့်ကာ
လွန်ခဲ့သောတစ်ပတ်ခန့်ကအချိန်များကို
ဖုကျန်းဖန်တွေးမိသွားသည်။ မည်မျှဆန်းကြယ်ပါအံ့နည်း.....

***********

ကလေးငယ်လေးတစ်ယောက်ကို သူတွေ့ရှိရာမှ သူ့ဘ၀ကြီးပြောင်းလဲသွားခဲ့သည်။
ထိုကလေးကိုစစတွေ့ချင်း ရိုးရိုးသာချစ်ခင်စိတ်ရှိမိသော်လည်း သေသေချာချာကြည့်ပါက သူငယ်ငယ်ကပုံကို ပွားထားသကဲ့သို့ရှိကြောင်းသတိရမိသည်။ သူသည်အသက်အရွယ်ရှိလာသည့်တိုင် မည်သည့်မိန်းမနှင့်မျှပတ်သက်ခြင်းမရှိခဲ့။

သို့သော် သူ့အတွက်လွန်ခဲ့သော၃နှစ်ကျော်လောက်ကကိစ္စတချို့သည် ဝေဝါးနေရာ
ရှောင်ယုကိုစုံစမ်းခိုင်းခဲ့၏။ ထိုညက သူတကယ်ကြီးမိန်းပလေးတစ်ယောက်နှင့်အတူရှိနေခဲ့ပြီး ထိုမိန်းကလေးသည် နီရဲသောသွေးကွက်တချိူ့ကို အိပ်ရာထက်၌ချန်ခဲ့ကြောင်း သူမှတ်မိလို့သွားသည်။

သူ့စိတ်ထဲသင်္ကာမကင်းဖြစ်ရာ
ရှောင်ဟုန်လေး၏ ဆံပင်အချို့ကိုယူပြီး
ဓာတ်ခွဲခန်းသို့ပို့ဆောင်ခဲ့သည်။ သူသည်သံသယအလွန်များတတ်သူဖြစ်ရာ
တစ်နေရာတည်းကိုမပို့ဘဲ များစွာသောဓာတ်ခွဲခန်းများကို ပို့ခဲ့၏။ သို့သော်အဖြေများသည်တူညီစွာပင်ထွက်လာခဲ့သည်။ ဒဿမတစ်ခုသော်မျှ လွဲခြင်းမရှိ...

သူလက်ခံလိုက်ရသည်။ ရှောင်ဟုန်၏အမေကို စုံစမ်းရာ ထိုနေ့ကသူ့ကို၀င်တိုက်ခဲ့သော အမျိုးသမီး..သူ့အမှားတွေကိုထောက်ပြကာ
သူ့ကုမ္ပဏီဟုပင်ပြောလိုက်သော သူမ
သူမကအစကတည်းကပင်သိနေသလားဟု သံသယ၀င်မိ၏။ သို့သော် ထိုမိန်းကလေးမှာ ရိုးအလှစွာပင် မည်သည်ကိုမျှသိနေခြင်းမရှိပါချေ။

ကလေးတစ်ယောက်မွေးစားချင်တာ နိုးလာတော့ကလေးတစ်ယောက်ဘေးမှာရှိနေတယ်(OC)Where stories live. Discover now