မနက်ခင်းသည် တိတ်ဆိတ်ငြိမ်သက်နေပေမဲ့
နေရောင်ခြည်သည် ကန့်လန့်ကာများကိုဖြတ်ကာ ၀င်ရောက်လာသည်။ဟဲ့ယောင်းရွှယ် လက်တို့ကိုဆန့်တန်းကာ အိပ်ရာထရန်ပြင်လိုက်သော်လည်း သုမကိုယ်ပေါ်ကိုတစ်စုံတစ်ရာဖိနေသကဲ့သို့ခံစားရပြီး
ထရန်မလွယ်ချေ။ သူမကိုတစ်ဖက်စောင်းကြည့်လိုက်ရာ သူမ၏ပုခုံးစွန်းကိုမျက်နှာဝှက်ပြီးအိပ်နေသည့် ဖုကျန်းဖန်ကိုတွေ့လိုက်ရသည်။သူ....အား!!!!
သူမသည် သူနိုးလာလျှင်မျက်နှာပူရခြင်းမျိုးမဖြစ်ရလေအောင် သူ့လက်ကို အသာတကြည်မ,ကာထရန်ကြိုးစားကြည့်သည်။ သို့သော် သူမခါးပေါ်ရှိလက်နှင့် ပုခုံးပေါ်ရှိမျက်နှာတို့မှာ တစ်စင်တီမီတာမျှပင်ရွေ့မသွားချေ။
သူမသည် လက်ညှိုးလေးနှင့် သူ၏ပခုံးကိုထိုးကာ
" ကျန်းဖန် ကျန်းဖန်...ထတော့လေ
အလုပ်သွားရမယ်""အမ် အင်း....."
ဖုကျန်းဖန်သည် တစ်ဖက်ရွှေ့သွားကာ
"ဇနီးလေး မင်းခုနကကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ်"
"ဟမ်း သြော် ကျွန်မမျက်နှာအရင်သစ်လိုက်မယ်နော် "
ဟဲ့ယောင်းရွှယ်သည် နီရဲသောမျက်နှာနှင့်
ရေချိုးခန်းထဲသို့၀င်ပြေးသွားတော့သည် ။'ဘယ်လိုတောင်ရှက်တတ်တဲ့မိန်းကလေးလဲ။
ဖုကျန်းဖန်သည် တခစ်ခစ်ရယ်ရင်း
အခြားအခန်းရှိရေချိုးခန်းကိုသုံးရန်ထွက်သွားလိုက်သည်။ဟဲ့ယောင်းရွှယ် သန့်ရှင်းရေးလုပ်ပြီးသည့်အခါ အခန်းထဲ၌ မစ္စတာဘောစ့်ရှိမရှိအရင်ကြည့်ပြီးမှ အပြင်ထွက်လာသည်။
သူမအောက်ထပ်ကိုဆင်းပြီး မနက်စာအဆင်သင့်ဖြစ်အောင်ချက်ပြုတ်လိုက်သည်။
တစ်ပါတည်းနေ့လည်စာအတွက်ပါ ပြင်ဆင်လိုက်သည်။မနကါစာသည်ရိုးရှင်းသည့် ပေါင်မုန့်မီးကင်နှင့်ကြက်ဥကြော်ဖြစ်ပြီး ပဲနို့ပူပူလေးတစ်ခွက်ဖြစ်သည်။ နေ့လည်စာအတွက်
သီးစုံချိုချဥ် ၊ ၀က်သားနဲ့ပဲပြားပေါင်း
ဖရုံသီးစွပ်ပြုတ်တို့ကိုချက်ထားလိုက်သည်။
၀က်သားပဲပြားပေါင်းပြင်ဆင်ပြီးပေါင်းထားစဥ်တွင် သုမကရှောင်ဟုန်လေးကိုနှိုးရန် အခန်းသို့သွားလိုက်သည်။
YOU ARE READING
ကလေးတစ်ယောက်မွေးစားချင်တာ နိုးလာတော့ကလေးတစ်ယောက်ဘေးမှာရှိနေတယ်(OC)
Fantasyငါကလေးတစ်ယောက်ကိုမွေးစားဖို့စိတ်ကူးလိုက်မိတာ အိပ်ပျော်ပြီးနိုးလာတော့ တကယ်ကလေးတစ်ယောက်ငါ့ဘေးရောက်နေတယ်။ ပြီးတော့ ငါက ငါမဟုတ်တော့ဘူး............