ပေါင့်ပေ့မှာ နာနီမရှိဘူး

2.2K 291 9
                                    

ကုတင်ပေါ်မှာအနားယူနေရင်း ပေါက်စီလေးထံမှ ဟောက်သံထိုးထိုးလေးကြားလိုက်ရသည်။
သူမအသည်းယားစွာနဲ့ ပေါက်စီလေးကိုနမ်းလိုက်ပြီး
ကလေးကိုလက်များဖြင့်ပွတ်သတ်ကာ
အိပ်နေလိုက်သည်။
သူမဆန္ဒအလျောက်ဆိုရင် ဖျစ်ညှစ်လိုက်ချင်ပေမယ့်
ပေါက်စီလေးနိုးသွားမှာမလိုလားပေ။

ပေါက်စီလေးသည် သူ့မေမေနှင့်အပြင်ထွက်ပြီး
နေ့လည်စာစားရသည့်အပြင် သူ့မေမေ၏ပွေ့ဖက်မှုကြောင့် စိတ်ပျော်ရွှင်စွာနဲ့
အိပ်ပျော်သွားတော့သည်။ သူလေးတကယ်ပင်ပျော်ရွှင်လို့နေပြီး
အိပ်နေစဥ် လက်သေးသေးလေးများနှင့် သူ့မေမေ၏အင်္ကျီအဖျားကို ဆုပ်ကိုင်ထားလို့နေသည်။

သူမတို့သားအမိနှစ်ယောက် နေ့လည်ပိုင်းအိပ်ပြီးနောက် နိုးလာကြသည်။
သူမအိပ်ရာနိုးတော့ ၄နာရီပင်ရှိနေပြီဖြစ်သည်။
တကယ်ကိုအကြာကြီးအိပ်ပျော်သွားကြတာပင်။
သူမအရင်ဆုံးမျက်နှာသစ်ပြီး ပေါက်စီလေးကိုးနှိုးလိုက်သည်။
ထို့နောက်ပေါက်စီလေးကို သန့်ရှင်းရေးလုပ်ပေးပြီး
ညစာအတွက်ပြင်ဆင်လိုက်သည်။

ကံကောင်းစွာပင် သူမအရင်ဘ၀က အပြင်ကိုသိပ်ထွက်မစားတဲ့ တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် အချက်အပြုတ်ကအဆင်ပြေလှသည်။
သူမကချက်ပြုတ်နေစဥ်ပေါက်စီလေးအတွက်နွားနို့ကျိုထားပေးဖို့လည်းမေ့လျော့မနေခဲ့ပေ။

ချက်ပြုတ်ပြင်ဆင်ပြီးနောက်မှာ
ပေါက်စီလေးကိုခုန်ပေါ်တင်လိုက်ပြီး ထမင်းစတင်စားခဲါကြသည်။ သူတို့သားအမိနှစ်ယောက်၏ ထမင်း၀ိုင်းသည်နွေးထွေးလို့နေသည်။
သူမပန်းကန်ဆေးပြီးနောက် ပေါက်စီလေးကိုနွားနို့တိုက်ကာ သန့်ရှင်းရေးလုပ်ပေးပြီး အိပ်ရာပေါ်တွင်သိပ်ရန်ပြင်လိုက်သည်။
သို့သော်ပေါက်စီလေး၏မျက်လုံး၀ိုင်းကြီးများက တလက်လက်တောက်ပနေပြီး
'မေမေသားအိပ်မပျော်ဘူး'ဟူသောစာတန်းကြီးကို
ချိတ်ဆွဲထားသကဲ့သို့ဖြစ်နေသည်။

ထို့ကြောင့်သူမကကလေးပုံပြင်တစ်အုပ်ကိုယူကာ
ဖတ်ပြလိုက်ရတော့သည်။

"လူကလေးဂျွန်နှင့်သူ၏နာနီ"ဆိုသော ရုပ်ပြပုံပြင်စာအုပ်ကလေးကိုယူကာ ပေါက်စီလေး၏ခေါင်းကို သူမလက်မောင်းပေါ်တင်လိုက်သည်။

ကလေးတစ်ယောက်မွေးစားချင်တာ နိုးလာတော့ကလေးတစ်ယောက်ဘေးမှာရှိနေတယ်(OC)Where stories live. Discover now