Part-6

5K 337 7
                                    

" ဆောင်း! !!!!"

ဆောင်းက မော့ကြည့်လိုက်တော့ အမြန်ရေချိုးခန်းထဲ ပြန်ပြေးဝင်သွားတော့တယ်

* သူက တကယ် မိန်းကလေးပဲ *

* ဟာ...သူသိသွားပြီလား ငါ ဘယ်လိုလုပ်ရမလဲ ဟာ....မသိတော့ဘူးကွာ ဖြစ်လာမှတော့ ရင်ဆိုင်ရတော့မှာပဲ ဒီလောက်စောစော မိသွားမယ် မထင်ဘူးလေ ဟာ.တကယ်ပဲ အစတည်းက ဒီနေ့ အိမ်ပြန်အိပ်လိုက်ရင် ကောင်းသားကွာ *

" ရေချိုးခန်းထဲက တယောက် ဘယ်တော့ထွက်လာမှာလဲ အခုထွက်လာတော့ "

အပြင်က ခေါ်နေတဲ့ ဆောင်းရဲ့ အသံကြောင့် ထွက်လာလိုက်ပြီး

" အကျီ အရင်လဲ လိုက် နောက်မှပြောမယ် "

" ဟုတ် "

" အက် ပုဆိုးတွေ ဝတ်မှာလား "

" ဟမ်..."

" အခန်းထဲ လိုက်ခဲ့ သူ့ပစည်းတွေထားခဲ့ "

" ဟုတ် "

အခန်းထဲရောက်တော့
ဆောင်းက ဗီဒိုထဲကနေ ညအိပ် အကျီ နဲ့ ဘောင်းဘီထုတ်လိုက်ပြီး
ပေးလိုက်ကာ

" အက်တာတွေ ဝတ်လိုက် underwear ရော ပေးရမလား "

" ဟမ်..."

" ရော့ ဒါဝတ်လိုက် အက်တာ အသစ်တွေ တော်လားတော့မသိဘူး မတော်လည်း သည်းခံဝတ်လိုက် မြန်မြန်လုပ် "

" ဟုတ် ဖယ်ပေးလေ ဝတ်မလို့ "

" ဘာဖြစ်လဲ မိန်ခလေး အချင်းချင်းကို "

ခနဲ့တဲ့ အပြုံးနဲ့ ပြောလိုက်တဲ့ ဆောင်းကြောင့်

" ရေချိုးခန်းထဲမှာပဲ သွားလဲ တော့မယ် "

" haha မြန်မြန်လုပ် "
...........
အဝတ်အစားလဲ ပြီး ထွက်လာတော့

" ရှင်း... "

" ဟမ်...ဘာကိုလဲ "

" ဘာ ဘာကိုလဲ.. မျက်နှာပြောင်မတိုက်နဲ့ ဒီအိမ်ကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ ငါ့နားကို ဘာလို့ ချဥ်းကပ်လာတာလဲ ဘာလို့ ယောကျာ်းလေးလို ဟန်ဆောင်ထားတာလဲ အမှန်အတိုင်းဖြေ မဟုတ်ရင် မနက်ဖြန်က စပြီး အလုပ်လာစရာ မလိုတော့ဘူး "

* ငါ...ငါ ဘာလုပ်ရမလဲ ဘယ်လို ပြန်ဖြေရမလဲ မသိတော့ဘူးကွာ အမှန်အတိုင်းပဲ ဖြေတော့မယ် *

BEYONDWhere stories live. Discover now