Part -32

3.9K 297 11
                                    

ဆောင်းလည်း အိမ်ရောက်တော့ ရေမိုးချိုးပြီး

* ဖုန်းတောင် အားပြည့်နေပြီပဲ *

Facebook ဖွင့်လိုက်တာနဲ့ တပြိုင်နက် တက်လာတဲ့ သတင်းတွေက သူမကို shock ရစေသည်...

/ မနက် ၉နာရီ ဝန်းကျင် ခန့်က Six car accident ဖြစ်သွားတဲ့ တဲ့အတွက် ဒီနေ့ concert ကို မလာနိုင်ကြောင်း ပရိတ်သတ်တွေကို six ကိုယ်စား company မှတောင်းပန်ပါတယ်....လောလောဆယ် six ရဲ့ အခြေအနေက မကောင်းသေးတဲ့အတွက် အလုပ်တွေ အားလုံးကို 1 လ ရပ်ဆိုင်းထားပါမယ်.... /

* .....ဘယ်လိုဖြစ်ရတာလဲ ခွန်း ရယ် ..*

Lay ကို ဖုန်းဆက်ပြီး အကြောင်းစုံမေးပြီးတော့...

" အေး. အာ့ဆို..နင်ပြန်လာမှာလား ..."

" ....."

" မာယာ... ငါမေးနေတယ်လေ ပြန်လာမှာလားလို့ "

" ဟင့်အင်း....သူ့ကိုသာ သေချာ ပြန်ကောင်းအောင်ကုပေးလိုက်ကြပါ... ငါ...ငါမလာတော့ဘူး "

" ဘာလို့လဲ မာယာရ... တကယ်ဆို လာသင့်တယ်နော် သူသတိပြန်ရရင် နင့်ကိုပဲ ရှာနေမှာ ပြီးတော့ အခုလို Accident ဖြစ်တာလည်း နင့်ကို တွေ့ချင်လို့ အမြန်မောင်းသွားရင်း ဖြစ်ရတာ "

" ငါလည်း သိတယ် ပြန်လည်းလာချင်တယ်! !! ဒါပေမယ့် သူ Accident ဖြစ်တာနဲ့ အတိတ်က သူလုပ်ခဲ့တာတွေက ပျောက်သွားမှာမှ မဟုတ်တာ ပြန်ကောင်းလာရင် သူအဲ့လိုထပ်မလုပ်ဖူးလို့ အာမခံနိုင်လား ငါ့မာမီလည်း သူနဲ့ သဘောမတူတော့ဘူး ငါဒီတခါ နှလုံးသားကို အလိုမလိုက်နိုင်တော့ဘူး ခွန်းနဲ့ ပက်သက်တဲ့ သတင်းတွေ ထပ်မပြောနဲ့တော့ "

" မာယာ! !!မာယာ! ! ဖုန်းချသွားပြီ တကယ်ပဲ.. "

.....

ဆောင်းလည်း ဖုန်းချလိုက်ပြီး ကုတင်ပေါ်မှာ ခေါင်းအုံးကို ဖက်ကာ ငိုကြွေးနေသည်...

* ရင်ထဲက တဆစ်ဆစ်နဲ့ နာနေတယ်.... ငါမင်းကို လွမ်းတယ်ခွန်း....မင်းသာ အဲ့လိုတွေမလုပ်ခဲ့ရင် ငါတို့ရဲ့ အနာဂတ်က သိပ်ပျော်ဖို့ကောင်းနေမှာ... အခုတော့ လုပ်ရက်လိုက်တာဟာ....မေ့ပစ်ဖို့ကြိုးစားနေပေမယ့် ဘာလို့ မေ့မရတာလဲ.. *

BEYONDWhere stories live. Discover now