Part -7

4.4K 316 4
                                    

ခွန်းထွက်သွားတော့ လုပ်စရာရှိတာ လုပ်ပြီး
ဆောင်းက Company ကို ထွက်သွားေတာ့သည်...

" မမမာယာ six မပါဘူးလား "

" မပါဘူး ဖူးရဲ့ မမ အလုပ်ထုပ်လိုက်တာ "

" ဟမ်..ဘာလို့လဲ မမရဲ့ နှမြောစရာကြီးကို နေရောကောင်းသွားပြီလား "

" ဘာလို့နှမြော နေကောင်းလို့ ရုံးလာတာပေါ့ တော်ပြီ အလုပ်လုပ်တော့ "

" ဟုတ်ကဲ့ "

ရုံးခန်းထဲ ဝင်ထိုင်လိုက်ပြီး

Beep. .beep. . message ဝင်လာတာကြောင့် ​
ဖတ်ကြည့်လိုက်ပြီး

/ နင်အားလား ဟိုကောင်မလေးနဲ့လည်း ဘယ်လိုဖြစ်သွားလဲ ငါသိချင်နေပြီ မနေ့ကလည်း စာပြန်မပို့ဘူး နေ့ခင်းကျရင် နင်တို့ Company နားက Rainbow. café တွေ့မယ် လာခဲ့ /

/ အေးအေး လာခဲ့မယ် /

စာပြန်ပို့လိုက်ပြီး အလုပ်ပြန်လုပ်တော့သည်.....

.......

ဒေါက်..ဒေါက်...ဒေါက်...

" ဝင်ခဲ့ပါ "
...

" အော် လေး coffee ဆိုင်မှာတွေ့မယ်ဆိုပြီး ဘာလို့ ရုံခန်းလာ ငါအခုပဲ ထွက်လာတော့မလို့ "

" အချိန်ကိုလည်း ကြည့်အုံး ၂နာရီကျော်နေပြီ နင်လာတာစောင့်ရရင် ငါလည်း လင်ရတော့မယ် သိလား "

" မသာမရယ် အားကြီးနဲ့ အလုပ်ထဲ စျာန်ဝင်နေလို့ပါ လာအခုသွားမယ် "

" omm omm "

အလုပ်ကို လက်စသတ်ပြီး အပြင်ထွက်သွားကြသည်...

At Rainbow Café.....

" ကဲ ပြောပါအုံး မနေ့က ဘာတွေဖြစ် နင်သူနဲ့ တည့်ရှင်းလိုက်လား "

" အမ်... omm အစကတော့ မရှင်းဘူးလုပ်မလို့ပဲ နောက်တော့ ရှင်းလိုက်တာ သူက တကယ် မိန်းကလေးပဲ ပြီးတော့ ငါ့နားကို ရည်ရွယ်ချက်ရှိရှိချဥ်းကပ်လာတာ "

" ဟာ..အက်လိုကြီးလား ဘယ်လိုရည်ရွယ်ချက်လဲ "

" အစ်မတို့ ဘာမှာမလဲ မသိဘူး "

မော့ကြည့်လိုက်တော့ ဆောင်းက အံ့သြသွားကာ

" ခွန်း...ဒီမှာ အလုပ်လုပ်နေတာလား "

BEYONDWhere stories live. Discover now