Part-34

5.8K 302 13
                                    

ဆောင်း pov.

* ဒီနေ့နဲ့ဆို ခွန်းမေ့နေတာ ၂ပတ်ပြည့်ပြီ.... ဘာလို့သတိမရသေး တာလည်း ခလေးရယ်...မမ စောင့်နေတယ်လေ... သတိရပါတော့....ခွန်းကို ခံစားမိအောင် လုပ်ထားတာတွေအတွက် ပြန်ပေးဆပ်ချင်လို့ပါ... မြန်မြန်သတိရပါတော့ *

ခွန်းရဲ့ လက်ကလေးကို ကိုင်ပြီး စိတ်ထဲကနေ စကားတွေပြောနေကာ တိတ်တဆိတ် ငိုကြွေးနေသည်..

" မာယာ....ရရဲ့လား "

ရတနာက ပုခုံးလေးကို ဖွဖွလေး ပုတ်ပြီးမေးလိုက်တော့ ဆောင်းက သူမရဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး

" ရပါတယ်... ခွန်းအတွက်ပဲ ဖြစ်ဖြစ် ကြံ့ခိုင်အောင်နေမှပဲ.. ငါပျော့ညံ့လို့မဖြစ်ဘူး.. သူပြန်သတိရလာမှာပါနော် "

" omm ရလာမှာပါ... "

" ရုပ်ရှင်ထဲကတွေလိုမျိုး ငါ့ကို မမှတ်မိရင် ဘယ်လိုလုပ်မလဲ အဲ့ကျရင် ငါတကယ် ရင်ကျိုးမှာ "

" ...."

" ဘာလို့ ဘာမှ မပြောတာလဲ.. စဉ်းစားကြည့်မှ ငါ့ကို ခွန်းရဲ့ အခြေအနေကို သေချာမပြောပြဖူးဘူး ခွန်းက "

" ခွန်းက ဦးနှောက်ထိထားတာ.... အဲ့တာကြောင့် သူက ပြန်သတိရရင်ရ မရရင် တသက်လုံး အဲ့ကုတင်ပေါ်မှာပဲ လှဲနေရလိမ့်မယ်....ပြန်သတိရရင်လည်း အာရုံကြောတွေထိသွားတာဆိုတော့ "

" တော်တော့! !"

" အကောင်းအတိုင်းဖြစ်ဖို့မသေချာဘူး နင်ဒီလို ခံစားရမယ်မှန်းငါ သိလို့ မပြောခဲ့တာ ဒါပေမယ့် ခွန်းရဲ့ ချစ်သူအနေနဲ့ အမှန်အတိုင်းသိသင့်တယ်ထင်လို့ "

ဆောင်းလည်း ငိုပြီးတော့

" ....ငါ့​ကြောင်​့ ဖြစ်ရတာ... ငါသာ အလောတကြီး မထွက်သွားခဲ့ရင် ငါသာ စိတ်လိုက်မာန်ပါ မလုပ်ခဲ့ရင် ငါသာ ခွန်းကို ယုံကြည်ပေးခဲ့ရင် ..."

" hey. ...နင့်အပြစ်မဟုတ်ပါဘူး မငိုနဲ့တော့ "

ဆောင်းရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း ပြောလိုက်သည်

" သူပြန်သတိရ လာမှာ ငါယုံကြည်တယ် "

" omm ပြန်သတိရလာမှာပါ ဒါနဲ့ နင်ဘာမှမစားရသေးဘူးမလား ငါတခုခုသွားဝယ်ပေးမယ်လေ "

BEYONDحيث تعيش القصص. اكتشف الآن