Pre Story & about my mine

2.4K 104 2
                                    

27.3.2021
ဖက်ဆစ်အောက်တန်းစားတွေ လူသတ်နေ့ပါ။

တစ်ရက်တည်းမှာ သေဆုံးသူ 100 ကျော် ဆိုတဲ့အားဟာ စစ်ပွဲတွေမှာတောင် မဖြစ်ဖူးတဲ့ ပမာဏပါ။ အသက်မပြည့်၊ အရွယ်မရောက်သေးသူတွေ ထိန်းသိမ်းခံရတာ၊ ကလေးငယ်လေးတွေ ပစ်သတ်ခံရတာတွေကြားပြီး ခံစားရတာ အားလုံး ရင်နဲ့မမျှပါ။ ငိုကြွေးစရာ၊ အော်ဆဲစရာမရှိတော့အောင် အသံက တိုးတိမ်နေပါပြီ။

အစ်မတို့ မန်းလေးမှာ ကျဆုံးများပါတယ်။ မိုးကုတ်ဆိုတာ first posting နဲ့ လေးနှစ်နေခဲ့တဲ့ ဒုတိယအိမ်ပါ။ အခုထိ အပစ်မရပ်သေးပါဘူး။ ရင်နာစရာတွေ၊ ထိခိုက်စရာတွေ အများကြီး ရှိတဲ့ထဲက Fic ရေးဖို့စိတ်ကူးနေမိတယ်လို့ တွေးကောင်းတွေးပါမယ်။ အခုရက်တွေမှာလည်း အစ်မ အပြင်ထွက်နေတုန်းပါ။ ဒီနေ့လည်း နှစ်ခါ ပြေးရပါတယ်။ အရေးကြုံလာရင် ဒံပေါက်ထိ ကိုယ်တိုင်ကျွေးဖို့ ဆုံးဖြတ်ထားလို့ ဘာဖြစ်မလဲ မပြောနိုင်ဘူး။ အိမ်ထဲနေရင်းနဲ့တောင် ဘာဖြစ်မလဲ မပြောနိုင်တဲ့ အခြေအနေမလား။

ဒါကြီးသာ ဖြစ်မနေရင် ချစ်ရတဲ့ကောင်လေးတွေအကြောင်း အချိန်ပြည့်စဉ်းစားရင်း၊ ရောဂါသက်သာလာတဲ့အခါ ကလေးတွေကို စာသင်ရင်း၊ ချည်ထိုးရင်း အစ်မအတွက် နေထိုင်မှုက အဲ့လောက်ပါပဲ။ ကလေးတွေ၊ လူငယ်တွေဆို ပိုပြီး တောက်ပတဲ့ အနာဂတ်တွေ ရှိနေမှာပါ။

အစ်မတို့ နိုင်မှကို ဖြစ်မှာ။
ရင်းထားရတဲ့ အသက်တွေ၊ ဘဝတွေ။
ဉာဏ်နဲ့ယှဉ်ပြီး နေ့တိုင်း အိမ်ကို အရောက်ပြန်ကြမယ်နော်။ ဒါပေမယ့် လက်နက်အားကိုး မအေလိုးတွေကို ကြောက်စရာမလိုဘူး။
ဝမ်းနည်း နာကျင်လာတဲ့အခါ ငိုချ။
အပြင်ကို ထွက်နိုင်တဲ့သူက ထွက်ပြီး မထွက်နိုင်သူက twitter သွား၊ ig သွား၊ Pinterest သွားပြီး တတ်နိုင်သလောက် ကမ်ဘာသိအောင် အော်ကြမယ်။ သူတောင်းစားတွေ acc တွေကို report ထုကြမယ်။ လုပ်နိုင်တာ လုပ်ကြရုံပဲမလား။

ဒါကြီးပြီးရင် ဘာတွေလုပ်ကြမလဲ ချရေးထားကြမယ်လေ။ အစ်မတို့တွေမှာ Hope ရှိကြတယ်။
ငါတို့ နိုင်ရင်....။

ချစ်မေတ္တာမှာပဲဖြစ်ဖြစ်၊ အခု နိုင်ငံရေးမှာဖြစ်ဖြစ် ဘယ်လိုအနေမျိုးမှာမဆို မျှော်လင့်ချက် ရှိနေသ၍ မရှုံးပါဘူး။ ဒီလိုစိတ်နဲ့၊ မနက်ဖြန်တွေ ဘာမှန်းမသိလို့ Yoonmin Fic လေးကိုရေးမှာ။ ခေါင်းစဉ်က Spanish လို Hope တဲ့။

Esperanza (Hope) Completed Where stories live. Discover now