Extra Part

923 67 30
                                    

နှင်းဆီပွင့်ချပ်လေးကိုတောင်
မသယ်နိုင်အောင်လေးလံဖူးတယ်

ပင်လယ်တစ်ခုလုံးကိုလည်း
လက်ခုပ်ထဲ ထည့်သယ်လာဖူးတယ်

ဒါ ဝေဒနာမဟုတ်ပါ  
ဘေဘီရာ

ဖြစ်မြဲ ၊ ဖြစ်ဆဲ ၊ ဖြစ်လာအုံးမယ့်
စိတ်ရဲ့ဒဏ်ခံကြိုးလေးအကြောင်းပါ...  ။

#မြကျေး

လက်တွေ တွဲထားတဲ့အခါ ပို မြဲမြံလာမယ်။
လုံခြုံလာမယ်။
ပျော်ရွှင်လာမယ်။
အကြောင်းတရားဟာ ချစ်ခြင်းမေတ္တာပါပဲ။

မနက်လင်းတာနဲ့ ချစ်တဲ့စိတ်ကို အရင်မွေးရတယ်။
အတူရှိတာကိုသိပြီး နွေးရတယ်။
ဘေဘီရေ
ကိုယ်တို့တွေ မခွဲ မခွာပါပေါ့။

သုံးနှစ်ကြာ ကွာဝေးပြီးမှာ ပြန်နီးစပ်၊ ပိုတိုးပြီး ရစ်ချည်ထားတဲ့ ကြိုးကလေး။ ပြီးခဲ့သော နှစ်တွေအစား အတိုးချ ချစ်ဖို့ပါပဲ။
အိပ်မက်ဆိုးတစ်ခုလို၊ ဆုံးရှုံးရမှာ ကြောက်သလို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတဲ့ လက်တွေအတွက် တစ်သက်လုံး ထွေးပွေ့ရဦးမယ်။ နှစ်သိမ့်ရဦးမယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"ဦး သဘောမတူနိုင်ဘူး"

"Jimin နဲ့ Yoongi ရဲ့ ဇာတ်လမ်းကို ဟိုး သုံးနှစ်ကတည်းက ပြီးခဲ့ပြီပဲ မဟုတ်လား"

"ကျနော် Jiminie ကို တကယ် ချစ်ပါတယ်"

‌အချစ်သာရှိရင် ပြည့်စုံပြီဆိုတဲ့ ပေါ့ဆ မိခဲ့သမျှတွေ။ အုပ်ထိန်းသူလည်းဖြစ် သူ့ကျေးဇူးရှင်လည်းဖြစ်မဟုတ်လား။

"သားတို့ ဇာတ်လမ်းကို ပြီးတဲ့အတိုင်း ရှိပါစေတော့။ မဟုတ်ရင်တောင် ကွာရှင်းတာလုပ်ဖို့ ဉီး ပြောတော့မလို့"

"ကျနော်တို့ အကောင်းဆုံးနေမှာပါ။
Jimin နဲ့ ခွင့်ပြုပေးပါ"

"ဘာလို့ ခွင့်ပြုပေးရမလဲ။
ယောက်ျားချင်း လက်ထပ်တယ်။

အဲ့ဒီထိ သည်းခံနိုင်သေးတယ်။ အမုန်းဆုံး၊ အရွံဆုံးအလုပ်ကြိ မလုပ်ဖို့ ခွင့်ပြုပေးခဲ့တာ

မင်းကတော့ ပညာတတ်ကောင်လေးမို့
Jimin ကို ထိန်းသိမ်းနိုင်မယ် ထင်လို့ပဲ

Esperanza (Hope) Completed Where stories live. Discover now