Es amor (It's Love) Final Episode

767 79 53
                                    

မီးတွေ ဘယ်လောက်ထွန်းထား ထွန်းထား
မင်းရှိတဲ့နေရာ ငါမမြင်ဘူး
မိုးပေါ်ကကျလာတဲ့ကြယ်နဲ့ တိုက််မိလည်း
ဒီအ​မှောင်ဟာ မလင်းဘူး...။

-မောင်ဖီလာ

စောင့်ဆိုင်းရခြင်းက ဘယ်နေရာမှာမှ သက်တောင့်သက်သာမဖြစ်။
ပုံမှန်လည်ပတ်မှုတွေထဲ တိုးဝင်သွားရလဲ တိုးတိမ် ပျောက်ကွယ်မသွားနိုင်တာ အချစ်ပဲ ဖြစ်ပါလိမ့်မယ်။ ပုံမှန် လေ့ကျင့်ချိန်၊ ပုံမှန် အင်တာဗျုး၊ ပုံမှန်နေ့ရက်တွေထဲမယ် အလွမ်းဟာလည်း ပုံမှန်ပဲ ဖြစ်ပါလိမ့်မယ်။

သုံးနှစ်ဆိုတဲ့ကာလတစ်ခုဟာ ရုပ်ဝတ္ထုပေါင်းများစွာ ပြောင်းလဲသွားခဲ့ပြီး ဖြစ်မှာပါ။ အတူတူ ခဏလေးရှိခဲ့ဖူးတဲ့ အခန်းထဲမှာ သူ့အငွေ့အသက်တွေ အခုထိ ရနေတုန်းပဲဆိုရင်တော့ အရူးလို့ တွေးမိမှာပါပဲ။ ဟုတ်ပါတယ် ပတ်ဂျီမင်းဟာ ဒီလူသားအပေါ် ဘယ်လောက်ထိ ရူးသွပ်စွဲလန်းမိတာ။

Time Different (8:00) နေ့နဲ့ညဆိုတဲ့ ကွာခြားချက်ရယ်၊ အလုပ်ရှုပ်လွန်းတဲ့ Hyung ရယ်။ သတိရမိရင် bracelet လေးရှိတယ်။ သတိရမိရင် သူ့ကိုယ်ငွေ့အပြည့်နဲ့ အခန်းလေးရှိတယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် လေ။ မချည်နှောင်ခြင်း၊ တိုးမဝင်ခြင်းအားဖြင့်သာ သူ့အပြစ်တွေ ဆပ်ရမှာ။ တစ်နှစ်တစ်ခါရောက်လာတဲ့ Congratulations စာသားလေးကပဲ သူ့အတွက် အကောင်းဆုံး ဆုလာဘ်ပါပဲ။

အခုတော့ သူဟာ အောင်မြင်စ၊ ကျော်ကြားစပြုနေတဲ့ သူတစ်ယောက် ဖြစ်ခဲ့ပြီ။ ဒါတွေအားလုံးဟာလည်း Hyung ကြောင့် ဖြစ်လာခဲ့တာပါပဲ။ သူ့ကို ယုံကြည်ပေးခဲ့လို့၊ သူ့ကို ရှာဖွေပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

Hyung ရော

သတိရ‌နေပါ့မလား....။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

မက်ဒရစ်ဟာ မှော်ဝင်နေတဲ့ အနုပညာ မြို့ကြီးပဲ။
ကြက်သီးထစရာကောင်းတဲ့ ကဇာတ်ရုံတွေ၊ ပြတိုက်တွေ၊ ရှေးဟောင်း သက်တမ်းရင့် အဆောက်အဦတွေကြောင့်ပဲ ကျော်ကြားလှတယ်။

မက်ဒရစ်ဟာ ကျောက်ခေတ်ကာလကတည်းက လူသားတွေနေထိုင်ခဲ့ကြတဲ့ ရှေးဟောင်းမြို့ကြီးပေါ့။ တိုကျိုပြီးရင် ဒုတိယအများဆုံး သစ်ပင်တွေရှိရာမြို့ဖြစ်လို့ စိမ်းစို လှပသော။

Esperanza (Hope) Completed Where stories live. Discover now