Equivocación (Mistake)

647 84 2
                                    

What we have is timeless

My love is endless

And with this ring I say to the world

You're my every reason

You're all that I believe in

With all my heart I mean every word

So as long as I live I'll love you

Will have and hold you

You look so beautiful in white

And from now to my very last breath

This day I'll cherish

You look so beautiful in white

Tonight

You look so beautiful in white

So beautiful in white

Tonight

"Beautiful In White" by Westlife

"သတို့သား Park Jimin
သတို့သား Min Yoongi ကို သက်ဆုံးတိုင် သစ္စာရှိပါမည်လို့ ကတိပြုပါသလား"

"Nae"

"သတို့သား Min Yoongi အနေနဲ့ရော သတို့သား Park Jimin ကို သက်ဆုံးတိုင် သစ္စာရှိပါမည်လို့ ကတိပြုပါသလား"

ဖာသာဆီမှာ ကတိကဝတ်ပြုပြီးနောက် အပြန်အလှန် လက်စွပ် လဲလှယ်ကြတယ်။

အဖြူရောင် သတို့သားဝတ်စုံနဲ့ Park Jimin မှာ ရှင်းသန့်ပြီး ကြည့်ကောင်းလှပနေခဲ့သလို ဆန့်ကျင်ဘက် အနက်ရောင်သတို့သားဟာလည်း ရှင်းသန့် ခန့်ညားမှုအပေါင်းနဲ့။

"Po Po"

"Kiss/Kiss"

အောက်မှာရှိတဲ့ ပရိတ်သတ်ရဲ့ တောင်းဆိုချက်​ကြောင့် Jimin နေရခက်လှတယ်။ ရင်ခုန်တာလား။ ဝေခွဲရခက်တာလား မသေချာဘူး။

လာထိခတ်တဲ့ နှုတ်ခမ်းပါးကြောင့် Jimin ထိတ်လန့်မိတယ်။ ဒါ ပထမဆုံး သူ့ဘဝမှာ အများကြီးဝင်မိတဲ့ ကြောက်စိတ်ပဲ။ သူ့မျက်ဝန်းတွေဟာ နာကျည်းနေတာ၊ လှောင်ရယ်နေတာ။ စိတ်တိုနေတာ လား။ ဟင့်အင်း ငါမမှားဘူး Park Jimin။ ငါမမှားဘူး။ ငါလုပ်နိုင်ပါတယ်။ တကယ်တော့ ပျော့ခွေ ယိုင်ကျချင်လာပြီ။ ခင်ဗျား ကျနော့်ကို မမုန်းပါနဲ့။

ခရမ်းရောင် နှင်းဆီတစ်ပွင့်နဲ့ Daisy ပန်းစည်းထားတဲ့ လက်ကိုင်ပန်းစည်းလေးဟာ Jimin ရဲ့လက်ထဲမှာ အလိုက်တသိ ငြိမ်သက်လျှက်။ သိပ်မကြာခင်ကပဲ အဓိပ်ပါယ်ရှိစွာ သူပြင်ဆင်ခဲ့တာ။ ကျနော့်ရဲ့ မြင်မြင်ချင်းအချစ်၊ စစ်မှန်တဲ့ အချစ်။ သိမ်ငယ်စိတ်၊ ရှက်ရွံမှုနဲ့ မိုက်ရူးရဲဆန်မှုဟာ ရောထွေးလို့။

Esperanza (Hope) Completed Where stories live. Discover now