El Mejor Regalo (The Best Gift)

631 93 8
                                    

ဟိုနေ့က တစ်ခုခုဖြစ်ပြီးနောက်ပိုင်း အနေရခက်တဲ့နေ့တွေ ဖြစ်လာသလိုပဲ။

အခုရက်ပိုင်းမှာကျလည်း Hyung က သူနဲ့မတူအောင် ရင်းနှီး နွေးထွေးလွန်းတယ်။ ဘာမဆို ရင်ခုန်တတ်တဲ့ သူ့စိတ်ကပဲ ထင်နေတာလား။ Hyung ဟာ ပျောက်ရှသွားမှာကြောက်နေသလိုမျိုး အနားမှာ ဇွတ်တိုး တွယ်ကပ်နေတော့တာ။

"Jiminie...Jimin ah"

မလုပ်နဲ့လေ၊ ထိုင်နေ Hyung လုပ်လိုက်မယ်

ကျနော်လေ Hyung ကို ထိုင်ကြည့်ရတာ သဘောကျတယ်။ တကယ်တော့လည်း Hyung ရဲ့ ဖြစ်တည်မှုအကုန်လုံးကို သဘောကျနေတာပါပဲ။

'Hyung
ဘယ်မှ မသွားဘူးလား"

"Jiminie သွားစရာရှိလို့လား
Hyung လိုက်ပို့မယ်"

"မဟုတ်ပါဘူး။ ဒီအတိုင်း...."

အေပရွန်ဝတ်ပြီး သူစားချင်တာ အကုန်လုံးကို ချက်ပြုတ်ပြင်ဆင်ပေးနေတဲ့ Hyung က ကြည့်ကောင်းတယ်။ နှဖူးပေါ် ဝဲကျလာတဲ့ ဆံနွယ်ကလေးတွေကို Hairband အဝါလေးနဲ့ သိမ်းထားသေးတယ်။ သေချာကြည့်တော့မှ Hyung ဆံပင်တွေ ရှည်နေပြီပဲ။ လက်ချောင်းရှည်ရှည် သွယ်သွယ်ကလေးတွေမှာ သွေးကြောစိမ်းတွေဟာ အပြည့်။ ဘာလို့များ ဒီလူသားရဲ့ အသေးစိတ်က စွဲလန်းဖို့ ကောင်းနေရတာလဲ။ ဘာဖြစ်လို့များ ဒီလူသားကို လောဘတက်မိတာလဲ။ သူရဲ့တည်ဆောက်ပုံသာ မမှားရင် Hyung ဟာ သူ့ဆီရောက်လာမှာပဲ။ အခုလည်း သူ့အပေါ် အရိပ်လိုပဲ မဟုတ်လား။

"တောင်းပန်ပါတယ် Hyung"

စိတ်ထဲက တိုးတိုးကလေး ပြောမိတာပါ။

"အား..."

"Hyung ဓားထိတာပဲ

ပြဦး။ သွေးတွေ အများကြီးပဲ"

သူ့လက်ကို ဆွဲခေါ်ယူသွားတဲ့ ကောင်လေး။

"ဒီမှာထိုင်"

"ဘာမှ မဖြစ်ပါဘူး"

"ဆေးထည့်ပေးမလို့"

ပြောလည်းပြော လက်ကလည်း ဆေးပုံးယူပြီး သူ့လက်ကို ဆေးသေချာ ထည့်ပေးနေသေးတယ်။ ပြီးတော့ သူ့နှုတ်ခမ်းဖူးဖူးကလေး ဖူး...ဖူး မှုတ်ပေးနေသေးတယ်။ ကြည့်နေတဲ့ အကြည့်မှာတောင် ဓားရှမိတဲ့အထိ အယောင်ယောင် အမှားမှားပါ ကလေးရယ်။ ဘာတွေ ဖြစ်လာမလဲ မသိတဲ့ဘဝမှာတော့ အဲ့နှုတ်ခမ်းလေးကို စိတ်နဲ့တောင် မပစ်မှားချင်တော့ပါဘူး။

Esperanza (Hope) Completed Where stories live. Discover now