Part-1

9.8K 507 4
                                    

Unicode

ဝမ်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဝမ်ရိပေါ် ရာဇအိနြေ္ဒကိုတောင် မဆည်နိုင်ပဲ မပြေးရုံ တစ်မယ် ခြေလှမ်းတွေနဲ့ အဆောင်တစ်ခုဆီကို ဦးတည်နေသည်။ ဦးတည်နေသည့် အဆောင်သည်ကား မင်းသားရဲ့ အချစ်ဆုံး တစ်ဦးတည်းသော ညီမတော် ဝမ်ဖန်းဖန်း အဆောင် ဖြစ်သည်။

"ဖန်းဖန်း"

ခေါ်သံနဲ့အတူ အဆောင်တံခါးကို ဖွင့်လိုက်တာနဲ့ မြင်ကွင်းထဲ ခြေချစရာနေရာမရှိအောင်ရှုပ်ပွနေသည့် အခန်းက စီးကြိုနေသည်။

" ခွင့်လွှတ်တော်မူပါ အိမ်ရှေ့မင်းသား.... မင်းသမီးက..."

ဖန်းဖန်းရဲ့ အထိန်းတော်စကားမဆုံးခင်ဝမ်ရိပေါ်က
လက်ဟန်နဲ့ ထွက်ခိုင်းလိုက်သည်။ အထိန်းတော်ထွက်သွားမှ အဆောင်တံခါးကို ပြန်ပိတ်လိုက်လိုက်ကာ အခန်းထဲ သေချာ ကြည့်ရှုလိုက်တော့ အိပ်ရာဘေးမှာ ကြုံ့ကြုံ့လေးထိုင်ကာ ငိုနေသည့်ညီမတော်ကို တွေ့လိုက်ရသည်။

"ဖန်းဖန်း"

စိုးရိမ်တကြီးနဲ့အနားသွားလိုက်တော့ ဖန်းဖန်းက ခေါင်းငုံ့ကာ ငိုနေရာမှ ခေါင်းထောင်လာပြီး သူ့ကို အားကိုးတကြီးဖက်တွယ်လာသည်။

"အစ်ကိုတော်"

ဝမ်ရိပေါ် ကညီမဖြစ်သူ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးကာ ချော့မြူလိုက်ပြီး..

"ဘာလို့ အဆောင်ထဲကမထွက်ပဲ တစ်ချိန်လုံး ငိုနေရတာလဲ ဖန်းဖန်း...အစားအသောက် တွေကိုလဲ မစားဘူးဆို"

"အစ်ကိုတော်...ညီမတော် ရှောင်းနိုင်ငံရဲ့ ဘုရင်နဲ့ လက်မထပ်ချင်ဘူး"

"ဒါက ငြင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ ဖန်းဖန်း. အခု ဝမ်နိုင်ငံရဲ့ အခြေနေကို ဖန်းဖန်းလဲသိတယ်မလား..ရှောင်းနိုင်ငံရဲ့ ကူညီမှု့ကို ရဖို့အတွက် ဖန်းဖန်း ရှောင်းဘုရင်ကို လက်ထပ်မှ ဖြစ်မယ်"

"အစ်ကိုတော်က စစ်ရေးစစ်ရာမှာကျွမ်းကျင်တဲ့သူပဲ...ရှောင်းနိုင်ငံရဲ့ အထောက်အပံ့ မလိုပဲ ဟန်လူမျိုးတွေကို တိုက်နိုင်တယ်မလား"

"စစ်ရေးစစ်ရာ မှာကျွမ်းကျင်ပေမယ့်အစ်ကိုတော်တို့မှာ အင်အားမလောက်လို့ ဟန်နိုင်ငံကို မတိုက်နိုင်ဘူး ဖန်းဖန်း...ရှောင်းနိုင်ငံရဲ့ အကူအညီသာ မရရင် အစ်ကို တော်တို့ နိုင်ငံ ဟန်နိုင်ငံ ရဲ့လက်အောက်ကို ရောက်သွားလိမ့်မယ်"

The King's Queen or King (Completed )Where stories live. Discover now