Ending

6.9K 576 11
                                    

ရှောင်းဘုရင်က အတန်တန် ငြင်းသော်လည်း ဝမ်ရိပေါ် ရဲ့ အကြိမ်ကြိမ်တောင်းဆိုမှု့ကြောင့် စစ္ပြဲကို လိုက်ခွင့်ရခဲ့သည်။

"ပင်ပန်းနေပြီလား ဝမ်"

ရှောင်းဘုရင် ဘေးက မြင်းပေါ်မှာ တိတ်ဆိတ္စြာ ပါလာတဲ့ ဝမ်ရိပေါ် ကို ကြည့်ပြီး ရှောင်းဘုရင် က စကားဆိုလာတယ်။

"မပင်ပန်းသေးပါဘူး အရှင်"

"ဒါပေမဲ့ လဲ ခဏနားကြရအောင်"

ရှောင်းဘုရင် က နောက်မှာပါလာတဲ့ ရဲမက်တွေကို လက်ပြကာ ခဏနားဖို့ အချက်ပြလိုက်တယ်။
ထို့နောက် မြင်းပေါ်က အသာဆင်းကာ ဝမ်ရိပေါ် နားကို ရောက်လာတယ်။

"ဝမ်...ကိုယ်တော်တို့ စကားပြောကြရအောင် "

စကားဆုံးတာနဲ့ရှောင်းဘုရင်ကဝမ်ရိပေါ်ကို ခါးကနေပွေ့ကာ မြင်းပေါ်က နေဆင်းစေတယ်။ အဲ့ဒီ့်နောက်မှာတော့ ဝမ်ရိပေါ် လက္ကို ဆြဲကာ ရဲမက်တွေနဲ့ ဝေးတဲ့နေရာကို ခေါ်လာခဲ့သည်။

"အ...အရှင်"

ရုတ်တရက် သူ့ကို သစ်ပင်မှာ ကျောကပ်စေကာ အုပ်မိုးလိုက်တဲ့ ရှောင်းဘုရင် ကြောင့် ရိပေါ် လန့်သွားတယ်။
ရှောင်းဘုရင် က သူ့နဖူးပေါ် ကျနေတဲ့ ဆံနွယ်စတစ်ချို့ကို အသာသပ်တင်ပေးပြီး ပါးပြင်လေးကို ဖြဖြ ပြတ္ကာ...

"ကိုယ်တော်တော့ ရူးနေပြီထင်ပါတယ်..ဝမ္က ဘေးမှာ ပါလာတာတောင်ဝမ့်ကို လွမ်းနေမိတယ်"

ရှောင်းဘုရင် စကားကြောင့်ဝမ်ရိပေါ်မျက်နှာလေးရဲသွားသည်။
ရှောင်းဘုရင်က ဝမ်ရိပေါ် ရဲ့လက်တစ်ဖက်ကိုဆွဲယူကာ နမ်းရှိုက်ပြီး သူ့ပါးမှာ အသာအယာအပ္ကာ ပွတ်သပ်တယ်။

"အရမ်းကို မြတ်နိုးရပါတယ် ကိုယ့်တော်ရဲ့ ဝမ်ရယ်"

သူ့နှုတ်ခမ်းပေါ်ထိကပ်လာတဲ့ ရှောင်းဘုရင် ရဲ့ နှုတ်ခမ်း ပါးတွေကြောင့် ရိပေါ်ရဲ့ နှလုံးခုန်သံတွေ က မြန်ဆန်လာသည်။
ရှောင်းဘုရင် ရဲ့ အနမ်းတွေကြား ရုန်းမထွက်နိုင်ပဲ မသိစိတ်ရဲ့စေခိုင်းမှု့ကြောင့် ပြန်လည်တုံ့ပြန်နေမိသည်။
ရှည်လျှားလွန်းတဲ့ အနမ်းဖယ်လှယ်မှု့အပြီးမှာ ရှောင်းဘုရင်က သူ့ကို ပြန်လွှတ်ပေးပြီးအနမ်းကြောင့် စိုစွတ်နေတဲ့ သူ့နှုတ်ခမ်းကို လက်မဖြင့် ဖြဖြ ပြတ်သပ္ကာ.....

You've reached the end of published parts.

⏰ Last updated: May 20, 2021 ⏰

Add this story to your Library to get notified about new parts!

The King's Queen or King (Completed )Where stories live. Discover now