Part- 4

4.7K 470 6
                                    

Unicode

အဆမတန်ခုန်နေသော မိမိရဲ့ နှလုံးခုန်သံကြောင့် ဝမ်ရိပေါ် ကိုအဆောင်သို့ပြန်ပို့ပြီး စကားတစ်ခွန်းမှမဆိုနိုင်ပဲ ရှောင်းဘုရင် တစ်ယောက်အဆောင်ကို ပြန်လာရသည်။ သလွန်ထက်မှာ လှဲပြီး ကျယ်လောင်စွာ ခုန်နေသည့်ရင်ဘတ်ကို လက်နဲ့ဖိကာ အသက်ကိုဝဝရှုသွင်းနေရသည်။ ထူးဆန်းလိုက်တာ။ အခုချိန်ထိ ဘယ်မိန်းကလေးကိုမှ  တစ်ကြိမ်တစ်ခါမှ ရင်မခုန် ခဲ့ဘူးသည့် ရှောင်းဘုရင် ရဲ့ နှလုံးသားက အိမ်ရှေ့မင်းသား ဝမ်ရိပေါ်ကြောင့် ခုန်လာရသည်တဲ့လား။အရင် ရှောင်းဘုရင်မင်းဆက်မှာ အမျိုးသားကြင်ယာတော် ထားခဲ့ဘူးသည့် မင်း တစ်ပါးရှိခဲ့ဘူးသည်။ ထိုအကြောင်းကို သူသိခဲ့သည့် အချိန် ကလှောင်ရယ်ခဲ့ကာ ယောကျာၤးလေးတစ်ယောက်ကို ချစ်မြတ်နိုးပြီးကြင်ယာတော်မြှောက်သည်က မဖြစ်နိုင်ဘူးဟု တွေးထင်ခဲ့ဘူးသည်။ အခုရော သူလဲ ထိုမင်းလိုပဲ ယောကျာၤးလေးတစ်ယောက်ကို ချစ်ခင်မြတ်နိုးမိပြီလား။
..................................................

ဝမ်ရိပေါ် နှင့်မျက်နှာချင်းဆိုင်ဖို့ရာ အနည်းငယ် အနေခက်နေသည်ကြောင့် ရှောင်းဘုရင်က မျက်နှာချင်းဆိုင်မတွေ့ဖို့ကို ရှောင်နေခဲ့မိသည်။ သို့သော်လည်း မျက်နှာလေး မမြင်ရတော့ လွမ်းဆွတ်မိတာကြောင့် တိတ်တဆိတ် အဝေးကနေ ချောင်းကြည့်ဖို့ ဝမ်ရိပေါ် အဆောင်နား ရောက်လာတော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရှောင်းဘုရင် မျက်ခုံး တွေ ကြုံ့သွားသည်။ပန်းဥယျာဉ်မှာ ရှောင်းဘုရင်ရဲ့ ညီမတော် မင်းသမီးရှောင်းကျိုနဲ့ ဝမ်ရိပေါ် ကရယ်မောပြီး စကားပြောနေကြသည်။ ဝမ်ရိပေါ် က ပန်းတစ်ပွင့်ကို ခူးကာ ရှောင်းကျို ခေါင်းပေါ်ပန်ပေးလိုက်တော့ ရှောင်းကျိုက သဘောကျစွာ ရယ်မောပြီး ဝမ်ရိပေါ် လက်မောင်းကိုတွဲကာ စကားတွေပြောနေကြသည်။

"ဝမ်ဖေး"

"အရှင်"

"အစ်ကိုတော် "

သူ့ကိုမြင်တော့ဝမ်ရိပေါ်ရော ရှောင်ကျို ရောကအံ့သြတကြီး ကြည့်လာကြသည်။

"အရှင် မနက်အစောကြီးကျွန်တော်မျိုးမဆီကို လာတာ အကြောင်းရင်း ရှိလို့လား"

The King's Queen or King (Completed )Where stories live. Discover now