Part- 3

4.7K 469 8
                                    

Unicode

ရှောင်းဘုရင်က ဒီနေ့ ကိစ္စတစ်ခုရှိလို့ နန်းပြင်ထွက်မည်ဟု ပြောသွားတာကြောင့် ရိပေါ်က နန်းတွင်းအစောင့်တွေအလစ်မှာ အပြင်ကို ခိုးထွက်လာသည်။

"ဟူး..အခုမှပဲ နေရထိုင်ရတာ ပေါ့ပါးသွားတော့တယ်"

ယောကျာၤးလေးအဝတ်ကို ပြန်ဝတ်ရတာကြောင့် လူက ပေါ့ပါးနေသည်။ မိဖုရားအနေနဲ့ ဟန်ဆောင်ရတာ စစ်ထွက်တိုက်ရတာထက် ပို ပင်ပန်း တယ်။

ရှောင်းနိုင်ငံရဲ့ ဈေးထဲကို ပတ်ကြည့်ရင်း ရိပေါ်တစ်ယောက် သဘောတွေကျနေမိသည်။ ရှောင်းနိုင်ငံက ဝမ်နိုင်ငံ ထက်ပိုစည်ကား တယ်။ ပြည်သူတွေကလဲ ရယ်မော ပျော်ရွှင်နေကြတာ ချည့်ပဲ။ မြင်ရတာ စိတ်ချမ်းသာလိုက်တာ။  ရှောင်းဘုရင်ဟာဒီလို တိုင်းပြည်ကို အေးချမ်းသာယာအောင် အုပ်ချုပ်နိုင်တ တကယ့်ကိုပဲတော်လွန်းပါတယ်။ ဟန်လူမျိုးတွေနဲ့ စစ်ပွဲကိစ္စပြီးရင် ဝမ်နိုင်ငံကိုလဲ ရှောင်းနိုင်ငံလိုစည်ကားပြီးအေးချမ်းသာယာအောင် လုပ်ရမယ်။

"ဟင်...."

ဟိုကြည့်ဒီကြည့် ကြည့်နေရင်း တည်းခိုဆောင်မှထွက်လာသည့် လူတွေကြောင့် ရိပေါ်ခြေလှမ်းတွေရပ်သွားသည်။
ဒါက ဟန်လူမျိုးတွေပဲ။ သူတို့ ဘာလို့ ရှောင်းနိုင်ငံထဲ ရောက်နေရတာလဲ။
ဝတ်ပုံစားပုံ ပြောင်းထားပေမယ့် နားက နားကွင်းတွေက ဟန်လူမျိုးဆိုတာ သက်သေပြနေသည်။
ရှောင်းနိုင်ငံက ယောကျာၤးတွေမှာ နားပေါက် မရှိဘူး။

ထိုလူတွေက ဟိုကြည့်ဒီကြည့် နဲ့မူမမှန်တာကြောင့် ရိပေါ် သူတို့သွားရာနောက်ကို လိုက်ချောင်းဖို့ ဆုံး ဖြတ်လိုက်သည်။

အဆောက်အဦးတွေနောက် ဝင်သွားတာကြောင့်အနောက်ကနေ သတိထားလိုက်လာရင်း တစ်နေရာအရောက် သူတို့ က ရုတ်တရက် လှည့်ကြည့်လိုက်တာကြောင့် အနီးအနားမှာရှိတဲ့ အကွယ်တစ်ခုကို ပြေးကာပုန်းလိုက်မိတော့..

"အား.."

အကွယ်ထဲမှာရှိနေတဲ့ လူတစ်ယောက်နဲ့ခေါင်းချင်းတိုက်မိသွားတာကြောင့် လူက မူးဝေသွားသည်။

"ဒီမှာ...ခင်ဗျား..ဟင်"

ပြန်ရန်တွေ့မည်အလုပ် ထိုလူမျက်နှာကို မြင်ပြီး ရိပေါ်လန့်သွားသည်။ ရှောင်း...ရှောင်းဘုရင်ပါလား။
တော်သေးတာပေါ့ ။ ဟန်လူမျိုးတွေနောက်စလိုက်တုန်းက သူ့မျက်နှာတစ်ဝက်ကို အဝတ်နဲ့ ဖုန်းလာခဲ့မိတာ။ မဟုတ်ရင် ရှောင်းဘုရင် သူ့ကိုမှတ်မိသွားတော့မှာ။
ရှောင်းဘုရင်က သူ့မျက်လုံးတွေ ကိုသေချာစိုက်ကြည့်နေတာကြောင့် ရိပေါ်မလုံမလဲ ဖြစ်လာပြီး ရုတ်တရက် နောက်ဆုတ်လိုက်မိတော့...

The King's Queen or King (Completed )Where stories live. Discover now