Unicode
" မဖြစ်မနေ အဲ့မိန်းမကိုမှလား မြို့တော်ဝန် ! "
မြို့တော်ဝန်ရယ် သူ့ရဲ့သားရယ်သာရှိတဲ့
ဟောလ်ခန်းကြီးထဲမှာ ဟိန်းထွက်သွားတဲ့အသံကြောင့် အပြင်ကချောင်းနားထောင်နေတဲ့ လက်အောက်ငယ်သားတွေပင် အထိတ်တလန့်ဖြစ်ကုန်သည် ။" အပျော်မယ်တစ်ယောက်ကို ဘာလို့အဲ့လောက်ထိ စွဲလမ်းနေရတာလည်း
ဘာပိုင်ဆိုင်မှုမှမရှိ ဘာမာနမှမရှိတဲ့အပြင် သိက္ခာဆိုတာ ရှာလို့တောင်မရတဲ့မိန်းမကိုလေ "" ဆောင်းဟွန်း .. သား မင်းစကားတွေလွန်နေပြီ "
ခပ်အေးအေးသာပြန်ပြောတဲ့ သူ့အဖေကိုဒေါသဇောနဲ့ ကြည့်ပြီး ဟောလ်ခန်း နံရံမှာ ချိတ်ထားတဲ့
Riffle ကိုဆွဲကာ လမ်းမှာမြင်သမျှ ကန်ကြောက်ရင်း သူ့အဖေဖြစ်သူရဲ့မြင်ကွင်းထဲကနေအမြန်ထွက်လာခဲ့သည် ။တောအုပ်အလယ်ကမြို့ ။ မတရားမှုတွေ အပျော်အပါးနဲ့ အညစ်အပတ်စိတ်ဓာတ်တွေနဲ့လူတွေ 75% လောက်ရှိတဲ့မြို့ ။
မြင်းခွာရဲ့ ဝုန်းစိုင်းမှုနဲ့အတူ မြို့ဝင်သစ်သားဆိုင်းဘုတ်က နာမည်ကြီးက ဝင့်ဝင့်ကြွားကြွားကြီးကျန်နေခဲ့တယ် ။
" အန်ဒီယာနာ "
အမဲမလိုက်တာ ကြာတာနဲ့ သေနတ်ဆွဲလာခဲ့တာတောင်မှန်တယ်ထင်သွားသည် ။
ထောင်ထောင်မောင်းမောင်း မြင်းညိုကြီးက
ဆောင်းဟွန်းရဲ့အရှိန်အဝါကို ထိထိရောက်ရောက်ပံ့ပိုးပေးသည် ။လည်ရှည်ဘွပ်ဖိနပ်အညိုရယ် လည်ပင်းမှာပတ်ထားတဲ့ အညိုရောင်အဝတ်စပါးလေးရယ် သားရေဦးထုပ်အညိုရင့်ရောင်ရယ်က အတော်လိုက်ဖက်သည် ။
ဘောင်းဘီရှည် ရှပ်အင်္ကျီအဖြူက သူ့ရဲ့အချိုးကျပြီးသား အရပ်နဲ့ ခန္ဓာကိုယ်ပေါ်မှာ အရမ်းအပ်စပ်နေသည် ။
ခပ်ပြင်းပြင်းအချက်ပေးလိုက်တာနဲ့ တောအုပ်ထဲကိုဝုန်းစိုင်းပြေးသွားတဲ့ မြင်းကို ကျွမ်းကျင်စွာထိန်းညှိနေပုံကလည်း မြို့တော်ဝန်သားပီသစွာ ဂုဏ်အပြည့် ။
တောနက်ထဲကိုရောက်လာတာနဲ့ အတွေ့အကြုံပေါသူပီပီ သေနတ်ပြောင်းကိုစရွယ်လိုက်တယ် ။
အာရုံစူးစိုက်မှုအပြည့်ရှိနေတဲ့ သူဟာ အုံ့မှိုင်းမှိုင်းတောအုပ်ရဲ့အလယ်မှာ ဘုရင်တစ်ပါးလိုပဲ ။
YOU ARE READING
ADIOS [ SUNSUN ] ✓
FanfictionYou found me in the wood, saved me and left me behind for eternity