4

1.9K 287 12
                                    


Unicode

" သက်သာလား "

" တစ်ခါတစ်လေလေးဖျားတာကို ဘာဖြစ်နေတာလည်း "

မနက်က ဘုရားကျောင်းကအပြန်ကို မိုးမိလာခဲ့သည်။ ဝတ်ရုံဖြူဖြူကပါ စိုရွှဲလာပြီး ကျန်းမာရေးအခံကထင်သလောက်မကောင်းတဲ့သူမို့ အိမ်အထိတောင့်ခံပြီး ပြေးလာခဲ့သမျှ အိမ်ပြန်ရောက်တာနဲ့ သတိလစ်ကျသွားတဲ့အထိ ဖျားလေပြီ

ကြားထဲမှာ လူကပြာနောက်နောက်ဖြစ်နေရတဲ့ကြားထဲ
ဆောင်းဟွန်းကလာဂရုစိုက်ပေးတာကိုနေရခက်နေရသေးသည် ။

အတူတူနေတာက ခြောက်လ... ။
ဟိုလိုဒီလိုနဲ့ ဆောင်းဟွန်းကဝင်နှောင့်ယှက်နေလို့ သူတို့မိဘတွေရဲ့ မင်္ဂလာပွဲဆိုတာလည်း ဘယ်ဆီနေမှန်းမသိ ။
တစ်လကနေ နှစ်လနဲ့ ရွှေ့ထားရတာ ။

" ပြောသာပြောနေတာ မင်းကိုယ်တွေပူနေတာ ကိုယ့်ဆီအထိဟပ်တယ် "

" အိပ်တော့မှာမို့ထွက်သွားလို့မရဘူးလား "

" ဆေးသောက်လိုက် ။ ကိုယ်သွားတော့မယ် "

နည်းနည်းလေးတောင် မတွေဝေပဲ ထထွက်သွားတဲ့
ဆောင်းဟွန်းကိုကြည့်ပြီး ဒေါသထွက်နေမိတာလား
အလကားသက်သက် ဒုက္ခပေးချင်လို့အနားခေါ်ထားတာပဲလေ ။ တခြားဘာအကန့်မှမရှိလို့ ဂရုစိုက်လည်းအပေါ်ယံပဲဖြစ်နေတာပေါ့ ဘာတွေထပ်မျှော်လင့်ချင်နေတာလည်း ?

" ဆောင်းဟွန်း "

လေသံဖျော့ဖျော့နဲ့လှမ်းခေါ်လိုက်တော့ကာ
အခန်းဝရောက်နေရာကလှည့်ကြည့်လာတယ်

" ငါနဲ့နေပေးလို့မရဘူးလား... "

ဒီကအရဲစွန့်ပြောလိုက်ပေမယ့် တစ်ဖက်ကခဏတော့စဉ်းစားနေပုံရသည် ။

" စောစောအိပ််လိုက် ကိုယ်မီးမှိတ်ပေးခဲ့မယ် "

စိတ်ပျက်လက်ပျက်သက်ပြင်းခိုးချလိုက်မိပေမယ့် သွားတဲ့သူကသွားသည် ။

စိတ်ပျက်စရာကောင်းတာက သူပဲကို ။ အလကားနေရင်း စိတ်ယိုင်နေတာလေ ။

* မဟုတ်တဲ့နေရာတွေသံယောဇဉ်မတွယ်စမ်းနဲ့ !! *

နားထဲရှင်းရှင်းလင်းလင်းကြားလာရတဲ့အသံတွေပြီးတော့
အရင်က သူ့အဖေဖြစ်သူ နှိပ်စက်ခဲ့မှုတွေကအတိုင်းသား
ပြန်မြင်လာရလို့ နားကိုဖိအုပ်ကာ မျက်လုံးကိုတင်းတင်းမှိတ်ထားမိသည် ။

ADIOS [ SUNSUN ] ✓Where stories live. Discover now