2

2.1K 340 30
                                    

Unicode

အချိန်ကာလက ပုံမှန်လိုမဟုတ်တဲ့နေ့ရက်တွေကြားကနေ တစ်ဖြည်းဖြည်း တစ်လပင်ကျော်လာပြီ ။

ဒီကြားထဲမှာ တစ်ခါ‌သာတွေ့ဖူးတဲ့ အလှလေးကို ရရင်ရသလို  မြို့ထဲရော မြို့ပြင်စပ်ဘက်မှာပါ ပိုက်စိပ်တိုက်ရှာခဲ့သော်လည်း မတွေ့ပေ ။

" ဒီနေ့ ‌ ဆောဝန်းတို့လာမယ် ပြီးတော့
သူ့ရဲ့သားပါ ပါလာမယ် "

" အဲ့တော့ ကျွန်တော့်ကိုထွက်တွေ့ခိုင်းနေတာလား"

မနက်စာစားနေရင်းက‌နေ ကျက်သရေမရှိတဲ့အကြောင်းအရာကထပ်ပါလာတာမို့ မျက်မှောင်ကြုံ့လိုက်သည် ။

" ထွက်တွေ့တာလောက်က အပန်းကြီးတဲ့ကိစ္စမှမဟုတ်ပဲ ။ "

" အမေ့နေရာကို အဆင့်တန်းမရှိတဲ့လူမျိုးနဲ့အစားထိုးပြီး နည်းနည်းမှ အားမနာဘူးလား
ဟမ် ။ မဟုတ်ဘူး ! မဖြစ်မနေ အစားထိုးမှာဆိုရင် ကျွန်တော့်ကို မိသားစုအဖြစ်ကပယ်ဖျက်ပြီးမှရမယ် ! "

စကားသံဆုံးတာနဲ့ ဝုန်းကနဲမြည်သံနဲ့အတူ ‌ဘွတ်ဖိနပ်သံပြင်းပြင်းက ထမင်းစားခန်းထဲကနေ ဝေးကွာသွားသည် ။

ဖခင်ဖြစ်သူမှာ ခေါင်းမာတဲ့ မိတဆိုးသားလေးကို ဘယ်လိုချော့ပြောရမယ်မှန်းမသိ ။

သူတွေ့နေတဲ့မိန်းကလေးက မတတ်သာတဲ့အခြေအနေတစ်ခုကြောင့် အဲ့လိုအလုပ်လုပ်တဲ့သူဖြစ်ခဲ့ရပေမယ့် လူကောင်းလူမှန်ပါဆိုတာတော့  သူ့သားကို ရှင်းပြချင်သည် ။ 

ထိုမိန်းကလေးကို အပျော်မယ်အနေနဲ့စတွေ့ခဲ့တာမဟုတ်ပဲ သာမာန်မိန်းကလေးတစ်ယောက်အနေနဲ့စသိခဲ့တုန်းက  ဆောင်းဟွန်းအမေနဲ့အတော်လေးတူတယ်လို့ထင်မိသွားလို့ ။

အဆင့်အတန်းလည်းခွဲခြားတတ်သလို မာနကြီးတတ်တဲ့ ဆောင်းဟွန်းအား နားချဖို့ အဆတစ်ရာကြိုးစားရင်တောင်ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကဝင်စပြုနေလျက် ။

ဆောင်းဟွန်းအမေကို အားနာသလို ဆောင်းဟွန်းကိုလည်း အားနာပေမယ့် မိသားစု ဘဝတစ်ခုကို ပြန်လိုချင်မိတဲ့ မာနလေးအခံကြောင့် သားဖြစ်သူကိုလျော့ပေးဖို့တော့ စိတ်ကူးမရှိပေ ။

ADIOS [ SUNSUN ] ✓Where stories live. Discover now