6 ( Final )

3.4K 348 80
                                    

Unicode

မနက်ဝေလီဝေလင်းမှာ ပြတင်းပေါက်လိုက်ကာကခပ်ပြပြထိုးတဲ့နေရောင်ကိုသူလှမ်းမြင်လိုက်ပေမယ့် ထင်သလောက်မျက်စိမစူးခဲ့ပါဘူး ။ အချိန်အားဖြင့် ငါးနာရီလောက်ပဲရှိအုံးမယ်

အိပ်ချင်မူးတူးဖြစ်နေတုန်းပေမယ့် မျက်လုံးဖွင့်ကြည့်တော့ သူအိပ်တဲ့ခုံတန်းမှာ သူခင်းထားတဲ့စောင်အပြင် နောက်ထပ်သားမွှေးစောင်နွေးနွေးတစ်ထည်ရောက်နေပြီး ညကသူခေါင်းကိုခုအိပ်တဲ့ အနွေးထည်လည်းမဟုတ်ပဲ ခေါင်းအုံးအိစက်စက် ။

ဘေးမှာနောက်ထပ်ခုံတန်းတစ်ခုဆက်ပေးထားသေးတာမို့ အိပ်ရတာ ကုတင်ပေါ်မှာအိပ်ရတာနဲ့မခြားပါဘူး ။

ဒါတွေအကုန် သူအိပ်နေတုန်း ဆောင်းဟွန်းလုပ်ပေးသွားတာလား ?

ဆောနူရယ်လိုက်တယ် ။ နှစ်နှစ်ခြိုက်ခြိုက်ကိုရယ်လိုက်တယ် ။ ကြည်နူးမိတဲ့စိတ်ဟာ
သူ့ရင်ထဲမှာရှိနေတဲ့အစိုင်အခဲတွေအကုန်လုံးကို ကုစားပေးနေသလိုပဲ ။

" နိုးပြီလား ရေသွားချိုးလိုက် နေကြာပန်းခင်းထဲသွားရအောင် "

" ရုတ်တရက်ကြီး "

" ဂျယ်...ဂျယ်ယွန်းက သွားကြည့်ကြည့်ဆိုလို့လေ "

စကားတွေထစ်နေတဲ့ဆောင်းဟွန်းကို သူအင်တင်တင်နဲ့ ခေါင်းငြိမ့်ပြလိုက်တယ် ။ 

မနေ့ညက အပြန်အလှန်ဝန်ခံချက်တွေက အတည်ကြီးနေရခက်စရာကောင်းနေမယ်လို့ သူမထင်ထားဘူး ။

" ဆောင်းဟွန်း "

" ပြောလေ "

" မင်း ငါ့ထက်အသက်ဘယ်နှနှစ်ကြီးတာလည်း "

" လေးနှစ်တော့ထင်တယ် "

" ဘာမှမဟုတ်ဘူး ဒီအတိုင်းမေးတာ "

ရေချိုးခန်းထဲပြေးဝင်ခဲ့ပေမယ့် ရင်ဘတ်ထဲက
စည်းချက်မဲ့စွာ ခပ်ပြင်းပြင်းခုန်နေတယ် ။

" အကို ဆောင်းဟွန်း လို့ခေါ်ရမလား "

" အာ .. မဟုတ်သေးဘူး သခင်လေး ဆောင်းဟွန်း လား "

" မဖြစ်သေးဘူးထင်တယ် ။ အဲ့တာကြောင့်ဘာလို့
အပိုခံစားချက်တွေဖြစ်ခဲ့ရတာလည်းလို့ !
ချစ်မိနေပြီထင်လည်း ငြိမ်ငြိမ်လေးနေပါလား "

ADIOS [ SUNSUN ] ✓Where stories live. Discover now