3

1.8K 313 16
                                    

Unicode

" စောရောက်နေတာပဲ "

တမင်တကာ အကြာကြီးနောက်ကျမှလာပြီး
ရိသဲ့သဲ့ပြောနေတဲ့ ကောင်လေးက
မျက်နှာလေးနဲ့မှမလိုက်  စုန်းကဝေတွေလိုပဲ
ပြာရီရီအကြည့်စူးစူးက ဆောင်းဟွန်းအပေါ်သက်ရောက်မှုအရမ်းပြင်းထန်သည် ။

" ကိုယ်လည်း အခုမှရောက်တာ " 

လိမ်ပြောလိုက်တော့ တစ်ချက်ရယ်သွားတယ် ။

" အလကား လိမ်နေတာ "

" မြင်းပေါ်တက် တူတူသွားမယ် "

မြင်းညိုကြီးကိုတစ်ချက်သပ်ပေးရင်း ကောင်လေးဘက်ကိုလှည့်ပြီးပြောတော့ ခေါင်းခါတယ်။

" လမ်းပဲလျှောက်ပါမယ် နေရာသာပြောပြ‌ပေး။ မင်းနဲ့တူတူသွားချင်လာချင်စိတ်မရှိဘူး "

အခုမှသတိထားမိတာကလေ အသက်က သုံးလေးနှစ်လောက်ကွာမှာကို တောက်လျှောက်
မင်းနဲ့ငါပဲ ပြောနေတာ ။

" ကိုယ့်ဘာသာတက်မလား ပွေ့တင်ရမလား "

" ဘာ ! "

နားမလည်စွာနဲ့ ခေါင်းတစ်ချက်စောင်းကာ
မျက်မှောင်ကိုလည်းကြုံ့ထားရင်း လာမေးသည်

" ကိုယ်က ပွေ့တင်သွားရမှာလားလို့ "

" စိတ်တိုဖို့ကောင်းလိုက်တာ ! တော်ပြီ လိုက်ခဲ့မယ် "

သူ့နောက်ကနေ မြင်းပေါ်ဆွေ့ကနဲ လာခုန်တက်လာတဲ့အချိန် ချယ်ရီပန်းလိုရနံ့မျိုး ခပ်သင်းသင်းက ဆောင်းဟွန်းရဲ့စိတ်တွေကိုဝေ‌ဝါးကုန်စေပြီ ။

မုန်းဖို့ကောင်းတယ်နော် ။ ဘာလို့ အဲ့လောက်ထိ ဒုက္ခပေးနေရတာလည်း ။

" ကိုယ်က ဖြည်းဖြည်းသွားတတ်တဲ့သူမဟုတ်ဘူးနော် သေချာဖက်ထား "

နောက်ကိုလှည့်ကြည့်တော့ မျက်လုံးကိုတစ်ချက်လှန်ကြည့်ရင်း ဆောင့်အောင့်ပြီး သူ့ခါးကိုဖက်လာသည် ။

မြင်းခွာသံခပ်ပြင်းပြင်းတွေအချိန်ခဏကြာအောင် ဆူညံပြီးတဲ့နောက် မြို့လယ်က အဖြူရောင်နဲ့ရွှေရောင်ကို အစပ်အဟပ်တည့်စွာ ဆေးသုတ်ထားတဲ့ နန်းတော်ပမာ အိမ်ကြီးက ကြိုဆိုလို့ ။

ADIOS [ SUNSUN ] ✓حيث تعيش القصص. اكتشف الآن