5

1.7K 283 21
                                    

Unicode

" ဆောင်းဟွန်းက အဲ့ကောင်လေးကိုတော်တော်ချစ်ပုံပဲ "

အန်ဒီယာနာနဲ့  အရမ်းဝေးတယ်လည်းမဟုတ် နီးတယ်လည်းမဟုတ်တဲ့တစ်နေရာမှာထီးထီးကြီးရှိနေတဲ့ရဲတိုက်ပိုင်ရှင်

လက်ချောင်းသွယ်သွယ်က ဝီစကီခွက်ရဲ့အဖျားကိုဝိုက်ကာတို့ထိရင်း  သတင်းပေးသူရဲ့အသံကို နားစွင့်လျက်ပဲ  သူရယ်မိသည် ။

" ယူနာ့ကို သူသတ်ခဲ့တာပဲကို ... "

ဆောင်းဟွန်းရဲ့အကြောင်းကိုလူတကာထက်ပိုသိတယ်လို့လည်းပြောလို့ရမည် ။

သူရယ် ဆောင်းဟွန်း ၊ ယူနာ  တို့သုံးယောက်က
ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပဲ ။
ဆောင်းဟွန်းအမေဆုံးပြီးတဲ့နောက်မှာ ဆောင်းဟွန်းကအရူးတပိုင်းနီးပါး

" သူချစ်တဲ့သူကိုယ်တိုင် သူ့ကိုသတ်ရင် သူရော ငါရော အားလုံးအဆင်ပြေသွားမှာ "

မှတ်မိသေးတယ် လူစိတ်မရှိတော့တဲ့ထိဒေါသထွက်နေတဲ့ဆောင်းဟွန်းရဲ့သေနတ်ကျည်ဆံက
ယူနာ့ဗိုက်ကို
ဖောက်ထွင်းသွားတဲ့မြင်ကွင်း  ။

သွေးအလိမ်းလိမ်းနဲ့  ကယာင်ခြောက်ခြားဖြစ်နေတဲ့ဆောင်းဟွန်းရဲ့  စိတ္တဇမျက်ဝန်းတွေ 

သူ့ပုခုံးပေါ်ကို မှီခိုရင်းနောက်ဆုံးအနေနဲ့ပြုံးပြပြီး

" နင်တို့ရန်မဖြစ်ကြစမ်းနဲ့ဟာ " လို့ပြောသွားတဲ့ ယူနာ့ရဲ့နောက်ဆုံးစကားတွေရော

" Jay မဟုတ်ဘူး ... အဲ့တာ ငါတမင်လုပ်တာမဟုတ်ဘူး"  ဆိုပြီးသွေးရူးသွေးတန်း ငိုယိုနေတဲ့ဆောင်းဟွန်းရဲ့အမူအရာတွေကစလို့

သူနဲ့ဆောင်းဟွန်းပြဿနာတက်တဲ့အချိန်တစ်ခုမှာ
ဆောင်းဟွန်းသေနတ်သုံးမိတဲ့အမှား ။
မထင်မှတ်ထားတဲ့သူကိုထိခိုက်ခဲ့တဲ့အမှား ။

သူအဲ့ကတည်းက အန်ဒီယာနာဘက်ကိုမလှည့်
ဖြစ်တော့ပေမယ့် ဆောင်းဟွန်းနဲ့အတူ ကောင်လေးတစ်ယောက်နေနေတယ်ဆိုတဲ့သတင်းကြောင့်
နောက်ယောင်ခံလိုက်ဖို့လူလွှတ်ထားခဲ့မိတယ် ။

ADIOS [ SUNSUN ] ✓Where stories live. Discover now