အခန်း ၁ (Unicode+Zawgyi)

54.9K 1.1K 31
                                        

(Unicode)

သံသရာတစ်ကွေ့ ဒီဘဝ ဝယ်... ချစ်ခဲ့ဖူးသည်။ သူ့အပါးတွင် ခိုဖူးချင်သည်။ နောက်နောင်ဘဝ လွမ်းချင်းရပ်မည်...။ ချစ်ခြင်းအတ္တ ဤဘဝ...။

◼◼◼

ဘဝ...။ ကျွန်တော့်ရဲ့ ဘဝ။ လူတွေကပြောကြတယ်။ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဟာ ကိုယ်၊ ကိုယ့်ဘဝကိုယ်ပဲ ထိန်းမတ်ရမှာတဲ့။ကိုယ့်ဘဝဆိုတာ ကိုယ်ပဲလက်ကိုင်ပြုစရာ၊ကိုယ်ပဲထိန်းမတ်ရာတဲ့...။ ဒါပေမယ့် အဲ့ဒါက အချိန်အတိုင်းအတာ တစ်ခုအထိပဲ ဖြစ်တည်ခဲ့ပါတယ်။ ကိုယ့်ဘဝဆိုတာ ကိုယ်ထိန်းမတ်ချင်တာတောင် ထိန်းမတ်ဆုပ်ကိုင်လို့မရဘူးဆိုတာ ကျွန်တော်သိလာခဲ့ရတယ်။ ကျွန်တော့်ဘဝက ဘယ်လိုပုံစံ၊ဘယ်လိုအရာမျိုးလို့ လူတွေထင်မလဲတော့ မသိဘူး။

ကျွန်တော့်အတွက်တော့ သူ့စကားတစ်ခွန်းဟာ ဘဝဖြစ်ခဲ့တယ်။ သူ့နှုတ်ခမ်းထက်က စကားတစ်ခွန်းဟာ ကျွန်တော့်ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့အချက်ပဲ။ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ရဲ့ နှုတ်ခမ်းထက်က စကားဟာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲစေသလားလို့ လူတွေမေးမိမယ်ထင်တယ်။သို့ပေမယ့် ကျွန်တော့်အတွက်တော့တကယ်ပါ။ သူ့နှုတ်ခမ်းထက်က စကားလုံးတွေက ဓားသွားထက်ပြတ်ရှတဲ့ စကားလုံးတွေ...။

လူတစ်ယောက်ကို အရမ်းရူးသွပ်မိတာ ကျွန်တော့်အမှားလား၊ လူတစ်ယောက်ကို အရမ်းစွဲလန်းမိတာ ကျွန်တော့်အပြစ်လား? ကျွန်တော်ကပဲ မှားယွင်းပြီး လူတစ်ယောက်ကို စွဲလန်းမိတာလား။ကျွန်တော့်မှာ ကြီးမားလှတဲ့အပြစ်ကြီးဖြစ်သွားပြီလား။ အင်း...ကျွန်တော် ရူးလောက်အောင် စွဲလန်းမိတာပဲ။

စွဲလန်းခြင်းရဲ့နောက်ကွယ်မှာ ရူးသွပ်ခြင်းဆိုတာရှိတယ်။အဲ့ဒီလိုပဲ ကျွန်တော်သူ့ကိုချစ်ခဲ့မိလို့။ကျွန်တော့်ဘဝ၊ ကျွန်တော့်ရဲ့ကိုယ်ပိုင်အခြင်းအရာတွေဟာ ရူးသွပ်မှုဖြစ်ခဲ့တယ်။ကျွန်တော်လုပ်သမျှ အရာရာတိုင်းဟာ ရူးသွပ်မှုတွေ ဖြစ်ခဲ့တယ်။ ကျွန်တော်ကလေ...တကယ်ကို လူတွေနားမလည်နိုင်လောက်အောင် ရူးသွပ်ခဲ့တာ။

လောကကြီးရဲ့ သဘာဝတရားတွေ လောကကြီးရဲ့နိယာမတွေ စည်းတွေဘောင်တွေကိုကျော်ပြီး ကျွန်တော်ရူးသွပ်ခဲ့တာ။ ကျွန်တော့်ရူးသွပ်မှုရဲ့နောက်ကွယ်မှာရော...နောင်တဆိုတာ ရှိလေမလား?ရှိခဲ့ရင်တောင် ကျွန်တော့်အတွက်ကိုယ်ကိုယ်တိုင်က ကျေကျေနပ်နပ်ကြီးခံယူတဲ့နောင်တဆိုတာရှိပါ့မလား။အချစ်တဲ့...။ စကားလုံးလေးနှစ်လုံး။

From My Tears...Where stories live. Discover now