အခန်း ၄၇ (Unicode+Zawgyi)

1.9K 126 0
                                    

(Unicode)

စားပွဲပေါ်မှ ကြည့်လက်စ စာအုပ်ကိုပိတ်ချလိုက်ပြီး စာကြည့်စားပွဲရဲ့မီးသီးကိုပိတ်လိုက်သည်။မီးသီးနားမှာ ရစ်သီရစ်သီဝဲပြန်နေပါသော ပိုးကောင်ငယ်လေးများက အသီးသီးပြန်သွားကြကာ အခန်းရဲ့အလယ်တည့်တည့်မျက်နှာကျက်က မီးချောင်းဆီပျံဝဲသွားကြလေသည်။စာမေးပွဲနီးလာပေမယ့် ရသစာကိုအာရုံမစိုက်နိုင်ပါ။သွားလည်း ဒီစိတ်၊စားလည်းဒီစိတ်နှင့် ဝဏ္ဏနှင့်ဝေးရမည်ကိုကြောက်နေသည်။ဒီရက်ပိုင်း မေမေနဲ့လည်းစကားမပြောဖြစ်သဖြင့် အခြေအနေကဘယ်လိုဖြစ်မှန်းကိုမသိရပါ။အရင်တစ်ခေါက်က မေမေပြောသည့် ဖေဖေ့ဆီပို့မည်ဟူသော စကားက နားထဲတွင်ပဲ့တင်ထပ်နေလေသည်။သူ့ကို စာမေးပွဲဖြေပြီးတာနဲ့ တကယ်ပဲ ဖေဖေ့ဆီပို့တော့မှာလား?

ရသ ဝဏ္ဏနှင့်တော့ မခွဲနိုင်ပါ။စားပွဲပေါ် လက်ထောက်ကာ စာအုပ်စင်ပေါ်တင်ထားပါသော ဖုန်းကိုယူလိုက်သည်။အချိန်က ကိုးနာရီခွဲကျော်လို့ ဆယ်နာရီထိုးခါနီး...။ဝဏ္ဏများ အိပ်နေပြီလား? ဝဏ္ဏကတော့ အစောကြီးအိပ်တတ်သူတစ်ယောက်မဟုတ်ပါ။သို့ပေမယ့်လည်း ရသဒီအချိန်မှ ဖုန်းခေါ်ရမှာကို အားနာသည်။ခါတိုင်းဆိုလည်း ရှစ်နာရီအချိန်လောက်ပဲ ဖုန်းပြောဖြစ်ကြတာ မလား။ထို့ကြောင့် ဖုန်းမဆက်တော့ပဲ chat boxကပဲ ပြောရန်ပြင်လိုက်တော့ သူ့accလေးက မီးစိမ်းမနေတော့...။မင်းရသ သက်ပြင်းချကာ မျက်လုံးတွေကို လက်ဖြင့်ပွတ်လိုက်သည်။ခပ်ဆတ်ဆတ်ပွတ်လိုက်မှုကြောင့် မျက်လုံးတွေက အနည်းငယ်နီရဲသွားလေသည်။

အိပ်ရင်လည်း လွယ်လွယ်နဲ့အိပ်ပျော်မှာ မဟုတ်။ထို့ကြောင့် ကုတင်ပေါ်လှဲနေရင်းနှင့်ပင် Gallery ထဲမှ ဝဏ္ဏမင်းထင်ရဲ့ပုံတွေကိုကြည့်ဖြစ်သည်။ရသဖုန်းထဲမှာ ကိုယ့်တစ်ယောက်ထဲပုံဆိုတာက အရမ်းရှားသည်။ဝဏ္ဏမင်းထင်ရဲ့ပုံတွေသာများပြီး သူ့ပုံရှိရင်လည်း ဝဏ္ဏနဲ့နှစ်ယောက်အတူရိုက်ထားတဲ့ ပုံတွေသာဖြစ်လေသည်။ဝဏ္ဏက ဘယ်လိုနေနေ အရမ်းကြည့်ကောင်းသည်။ရသကတော့ သူ့ကိုမမှီ။ဝဏ္ဏက ရုပ်လည်းချောသလို အရမ်းလည်းယောက်ျားဆန်သည်။ရသမှာ မရှိသော အရာတွေအများကြီး သူ့ဆီမှာရှိသည်။ရသမှာလည်း ရှိသင့်တဲ့ muscles တွေတော့ရှိပေမယ့် သူ့ကိုမမှီ။ဒါပေမယ့် ဘာပူစရာလိုလို့လဲ?အဲ့ဒါတွေက ကိုယ့်အပိုင်တွေပဲဟာ။

From My Tears...Where stories live. Discover now