အခန်း ၁၉ (Unicode+Zawgyi)

2.6K 201 18
                                    

(Unicode)

အချစ်ကို ရူးမိုက်စွာ ငါတွေးလည်း...

အချစ်သည် ကောင်းမွန်စွာ ဆန့်ကျင်ဘက် ပြန်မရောက်ခဲ့...

ရူးမိုက်ခြင်းတို့အလွန်တွင် တန်ပြန်ရရှိခဲ့လေပါသော

အမုန်းတို့ရေ...

တားဆီးချင်ပေမယ့်လည်း

ကိုယ်တိုင်ကိုက ဖိတ်ခေါ်နေခဲ့သည်လေ...။

__________

"မေမေ...''

မင်းရသ ကျောင်းသွားခါနီး စားပွဲပုလေးတွင် ထိုင်ကာ သိုးမွေးဆွယ်တာလေး ထိုးနေပါသော မေမေ့အား ခေါ်လိုက်တော့ မေမေက ပြုံးကာ လှည့်ကြည့်လာသည်။

" အင်း...သား''

" သား ညနေကျောင်းပြန်လာရင်လေ မေမေကြိုက်တဲ့ ခေါက်ဆွဲကြော်ဝယ်လာမလို့...အဲ့ဒါ မေမေ ဘာမှကြိုမစားထားနဲ့နော်''

မေမေက သူ့အားပြုံးကြည့်ကာ...

" ဒီကလေးတော့...သားမုန့်ဖိုးတွေကို ဝယ်စားပါဆို...အမြဲတမ်း ဒီလိုပဲဝယ်နေတယ်။ သားစားချင်ရင်လည်း မေမေ့ပိုက်ဆံနဲ့ ဝယ်ကျွေးပါမယ် သားရယ်''

မင်းရသ မေမေ့နားကပ်ကာ ဖက်လိုက်ပြီး မေမေ့ပုခုံးပေါ်အနောက်ကနေခေါင်းမှီရင်း ချွဲနွဲ့လိုက်လေသည်။

" မေမေကလည်း...သားကမေမေ့ကိုစားစေချင်တာပါ''

" အင်းပါကွယ်''

ပြန်ဖြေလာပါသော မေမေ့အသံသည် နွမ်းလျနေပေမယ့်လည်း ချစ်ခြင်းမေတ္တာတို့အပြည့်...။ မင်းရသ နွေးထွေးသည်ဟု ခံစားရလေသည်။ မေမေက သူ့ခေါင်းလေးအား ဖွဖွသပ်ကာ...

" သားကျောင်းသွားတော့လေ...။ နောက်ကျနေမယ်...''

" ပန်းမေမှ မလာသေးတာ...မေမေရဲ့။ ပြီးတော့ မေမေလည်း စက်ခုံမှာပဲ အချိန်တိုင်း ထိုင်မနေနဲ့နော်...နားနားနေနေလုပ်''

စက်ချုပ်ဆိုင်လေး ဖွင့်ထားသောမေမေက လာအပ်သမျှ အထည်တွေကိုနေ့မနားညမနား ချုပ်တတ်သည်မို့ မင်းရသလည်း သတိပေးရသည်။ သူတို့တစ်နှစ်ထက်တစ်နှစ်ကြီးလာသည်နှင့်အမျှ မေမေ့ကျန်းမာရေး အခြေအနေကလည်း သိပ်မကောင်းချင်တော့...။ မေမေက သူ့နှလုံးရောဂါအကြောင်းအား သူ့ကိုပြောမပြပေမယ့်လည်း မင်းရသကတော့ မေမေ့အခန်းထဲမှ ဆေးစာရွက်တွေကိုတွေ့ပြီး သိသည်မှာ ကြာလေပြီ။ သို့သော် မေမေသူ့အား ပြောမပြသည်မှာ သူ့အားစိတ်မကောင်းမဖြစ်စေချင်၍ ဆိုတာသိသဖြင့် သူလည်းအထွေအထူးပြောမနေတော့...။

From My Tears...Donde viven las historias. Descúbrelo ahora