Crush 💜 ep-11

938 104 4
                                    

Unicode

အရေးပေါ်ကားအသံနှင့်အတူ မျက်လုံးစုံမှိတ်နေသောခန္ဓာငယ်လေးဟာဆေးရုံရဲ့ အရေးပေါ်အခန်းထဲကို ခပ်မြန်မြန်ပင်ဝင်သွားရှာသည်

JW - " Hyung ဆောနူအဆင်ပြေမှာပါနော်
သူတခုခုဖြစ်လို့မဖြစ်ဘူး  ဆောနူဒီလိုဖြစ်တာကျွန်တော့်ကြောင့်ပါ သူ့ကိုအတင်းဆွဲထားလိုက်ရမှာ အဟင့် အဟင့် "

HS - " ဆောနူအဆင်ပြေမှာပါ သူ့လိုအပြစ်ကင်းစင်တဲ့သူတယောက်ကို ဘုရားကတော့ဒီတိုင်းကြည့်နေမှာမဟုတ်ပါဘူး ပြီးတော့မင်းကိုမင်း အဲ့လောက်အပြစ်မတင်ပါနဲ့ မင်းကြောင့်ဖြစ်တာလဲမဟုတ်ဘူး ကံတရားအရဖြစ်သွားတဲ့မတော်တဆတစ်ခုဘဲ စိတ်‌လျော့ပါနော် " သူငယ်ချင်းအားစိုးရိမ်ကြီးနေတဲ့ကောင်လေးအားဖက်ထားလိုက်မိတယ်

NK - " ဟျောင့် ဆောနူဘယ်မှာ ဟျောင့် ဂျွန်ဝမ်"

JW - " ခွဲစိတ်ခန်းထဲမှာ "

Jake and Jay - " ဟီဆွန်းဟျောင့် ငါတို့ကိုလဲပြောပြပါအုန်း ဘယ်လိုဖြစ်သွားတာလဲဆိုတာ"

HS - " ဒီလိုကွာ ~~~"

NK - " ဆောနူ ဒီလိုဖြစ်တာ ဆောင်ဟွန်းကြောင့် ဂျွန်ဝမ် သူသိအောင် ငါသွားပြောမယ်"

JW - " ဟျောင့် မလုပ်ပါနဲ့ဟာ ဆောနူ ပြောထားတယ် Hyungကိုသူ့ကိစ္စတွေမပြောဖို့ အကြိမ်ကြိမ်ပြောထားတာကွ"

NK - " ဆောနူရာ မင်းကအဲ့လောက်ကြီးချစ်ပြနေကို ဟိုကမင်းကိုအားနေအပြစ်တင်နေတာ "

Jay - " အချစ်ကလဲကြီးမားလိုက်တာ ဆောနူရယ် တကယ်ဆို သူ့ထက်မင်းကိုယ်မင်းပိုချစ် သင့်တာဆောနူရဲ့ "

HS - " ဟိုမှာ doctorထွက်လာပြီ "

JW - " Doctor ကျွန်တော့်သူငယ်ချင်း အ‌ခြေအနေလေး "

Doctor - " လူနာက ခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်ထားတာ အသက်မှီတာတော်တော်ကံကောင်းတယ် နဲနဲနောက်ကျတာနဲ့  လက်လွှတ်လိုက်ရပြီဘဲ အခုတော့ မစိုးရိမ်ရတော့ပါဘူး လူနာသတိရလာမှဘဲ သူ့အခြေအနေပေါ်မူတည်ပြီး ကုသမှုခံယူကြတာပေါ့ အဲ့ဆို Doctorကိုခွင့်ပြုပါအုန်း "

All - " ကျေးဇူးတင်ပါတယ်  Doctor "

^_________^^_________^^_________^^___

Crush [Completed]Where stories live. Discover now