Crush 💜 ep-16

1K 98 3
                                    

Unicode

SH - " ကလေးဘာမှမဖြစ်ရဘူးနော် ကလေး ~
ကိုဝင်ခံစရာရှိတာမို့ ပြန်ကောင်းလာပေးပါနော် ကလေး အားလုံးကို့ကြောင့်ဖြစ်ရတာမို့ ကို့ကိုစိတ်ကောက်ဖို့ဘဲဖြစ်ဖြစ်ပြန်ကောင်းလာပေးပါ နှလုံးခုန်သံလေးကိုတော့မရပ်လိုက်ပါနဲ့နော် ကလေး~"

Nurse - " အပြင်မှာစောင့်နေပေးပါ အထဲဝင်ခွင့်မရှိပါဘူး"

HS - " ဆောင်ဟွန်းစိတ်ထိန်းပါ လာဒီမှာထိုင်"အရေးပေါ်ခန်းထဲလိုက်ဝင်ဖို့လုပ်နေတဲ့ ဆောင်ဟွန်းကိုမနဲတားထားရသည်

SH - " ဟီဆွန်း ~ငါ့ဆောနူအဆင်ပြေမှာပါနော် သူပြန်လာမှာမလား သူငါ့စီပြန်လာမှာမလား ဖြေပေးကြပါ သူငါ့ကိုမထားသွားဘူးမလား ဟင် ငါသူ့ကိုပြောစရာတွေအများကြီးရှိသေးတယ်‌လေကွာ" နှလုံးခုန်တချက်မခုန်တချက်ဖြင့်အရေးပေါ်ခန်းထဲဝင်သွားတဲ့ကောင်လေးကို လက်လွှတ်လိုက်ရမှာသွေးပြတ်မတတ်ကြောက်မိ‌နေတယ်

HS - " ပထမတခါဒီထက်ဆိုးတာတောင် ဆောနူကျော်ဖြတ်နိုင်ခဲ့တာဘဲ ဒီတခါလဲသူကျော်ဖြတ်နိုင်မှာပါ ငါတော့ဆောနူကိုယုံတယ် "

SH - " ပထမတခါ အဲ့တာဘာကိုပြောတာလဲ ??"

ထိုအချိန် အရေးပေါ်ခန်းရှေ့ကိုပြာပြာသလဲလဲရောက်လာသော ဆောနူရဲ့ appaနဲ့omma သူတို့နဲ့အတူတူ ဆောင်ဟွန်းရဲ့ omma နဲ့ appaလဲတူတူပါလာကြသည်

SN's omma - " သားတို့ အန်တီ့သားလေးဆောနူ ဘာဖြစ်တာလဲဟင် အဆင်ပြေတယ်မလား ဆောနူလေးမှာ အရင်တခေါက်က ဒဏ်ကိုတော်တော်ခံစားနေရပါတယ်ဆို အခုလဲထပ်ဖြစ်ပြန်ပြီ  ဆောနူအစားအန်တီဘဲ ခံစားလိုက်ချင်တယ် "
တယောက်ထဲရှိတဲ့သားလေးမို့တုန်နေအောင်ချစ်တာမို့အရေးပေါ်ခန်းထဲကသားအစားသူသာဖြစ်လိုက်ချင်တယ်တဲ့လေ

JW - " ကျွန်တော်တောင်းပန်ပါတယ် ဒါကျွန်တော့်ကြောင့်ဖြစ်ရတာ ကျွန်တော်သာဆောနူကိုအတင်းမခေါ်ခဲ့ရင် သူနဲ့အတူတူသာအချိန်ပြည့်ရှိနေခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး အဟီး "

Jay - " ကျွန်တော်လဲ တောင်းပန်ပါတယ် ဆောနူခေါင်းကိုက်နေတယ်ပြောတာကိုအတင်းလိုက်ဖို့ခေါ်ခဲ့မိတာပါ အားလုံးကျွန်တော့်အမှားမို့တောင်းပန်ပါတယ် "

Crush [Completed]Where stories live. Discover now