Crush 💜 ep-15

1K 107 4
                                    

Unicode

_စာမေးပွဲတောင်ပြီးသွားပြီ ကျွန်တော်ဟိုပိစိလေးကိုအရမ်းလွမ်းတယ် အခုတော့ကျွန်တော်သိသွားပြီ ပိစိလေးအမှားလုပ်ထားတာတောင်ကြာကြာမမုန်းနိုင်ဘဲ လွမ်းနေတဲ့ကျွန်တော့်ရဲ့စိတ်ကို......

HS - " ဆောင်ဟွန်း မနက်ဖြန်အားတယ်မလား စာမေးပွဲလဲပြီးပြီဆိုတော့ ငါတို့တွေ လျှောက်လည်ရအောင် "

Jay -"လိုက်ရမှာနော် ဆောင်ဟွန်း"

SH - " အေးပါကွာ လိုက်မှာပါမင်းတို့ကလဲ "

HS - " ဟုတ်ပြီ ဒါမှငါ့ကောင်ဆောင်ဟွန်းကွ ဟားဟား"

HN - " ဘယ်ကိုသွားမလို့ ချိန်းနေကြတာလဲ"

HS - " အနှောင့်တွေတော့လာပြီ ငါတို့လစ်ရင်ကောင်မယ် ဂျေ"

Jay - " ငါလဲလစ် ချင်နေပြီ လေထုကသိပ်မသန့်သလိုခံစားနေရလို့ လာသွားကြရအောင်"

SH - " ဟာ ဟျောင့်တွေသွားမယ်ဆိုတူတူသွားမယ်လေ ခနစောင့်ပါဆို မနက်ဖြန်မှမင်းတို့နှစ်ကောင်ကို အမှုန့်ကြိတ်မယ် သိလား "အနောက်ကိုလက်ခါပြကာ အဝေးကိုပြေးသွားသော အကောင်းစားသူငယ်ချင်းနှစ်ယောက်

HN - "ဆောင်ဟွန်းးး ဟန်နာမေးတာဖြေပါအုန်း"

SH - " မနက်ဖြန်လျှောက်လည်ဖို့ချိန်းတာပါ ဘာမှမဟုတ်ပါဘူး "

HN - " လျှောက်လည်မှာလား အဲ့တာဆိုဟန်နာလဲလိုက်မယ်လေ ဟန်နာကအဖော်မရှိလို့ အပြင်လျှောက်မလည်ရတာတော်တော်ကြာပြီ ဟန်နာ့ကိုခေါ်ပါနော် နော် "

_ချွဲပြစ်သောအသံနဲ့ပြောလာသည်မှာ ကျက်သည်းပါထမိသည် ဖြစ်နိုင်ရင် အဝေးကိုကန်ထုတ်လိုက်ချင်စိတ်များတဖွားဖွားပေါ်နေမိသည်

SH - " မကောင်းဘူထင်တယ်ဟန်နာ ငါ‌တို့ကယောက်ျားလေးတွေကြီးဘဲဆိုတော့ မသင့်တော်လောက်ဘူး"

HN - " ဆောင်ဟွန်းပါတာဘဲဟာကို ဟန်နာအိမ်ကလဲဆောင်ဟွန်းနဲ့ဆိုစိတ်ချတယ် အဲ့‌တာကြောင့်လိုက်ခဲ့မယ်နော် ဆောင်ဟွန်းးး နော်"

SH - " အဲ့တာဆိုပြီးတာဘဲ လိုက်ချင်လိုက်ခဲ့လေ "
ပြောသာပြောရတာ သိပ်မခေါ်ချင်ဘူး ဆက်ပြောနေရင် ရန်ထဖြစ်မိမှာမို့စိတ်ကိုထိန်းပြီဘဲ လျော့ပေးလိုက်ရတယ်

Crush [Completed]Where stories live. Discover now