Crush 💜 ep-13

961 101 4
                                    

Unicode

ကျွန်တော် ဆောနူနဲ့ဟန်နာ ကိစ္စမှာ ဆောနူအပေါ် စကားပြောလွန်သွားတယ်ဆိုတာ ရက်နဲနဲကြာတော့သတိထားမိလာတယ် ။ ဒါပေမဲ့လဲ ဆောနူက ဟန်နာကိုတောင်းပန်သင့်တယ်လို့ ကျွန်တော်ထင်တယ်ပြောတိုင်း ဟီဆွန်းမဟုတ်ရင် ဂျေအီ ကအမြဲအော်လေ့ရှိတယ် ဘာလို့လဲ အခုထိမသိသေးဘူး သူတို့ ကျွန်တော့်ကိုဘာတွေများဖုံးကွယ်ထားတာလဲ ??? ဟန်နာ့အပေါ် ကျွန်တော် သူငယ်ချင်းတယောက်လို ညီမလေးတယောက်လိုဘဲမြင်မိခံစားမိတယ် ။ ဆောနူအပေါ်မှာတော့ အဲ့ ခံစားချက်ကြီးကို အခုထိအဖြေမထွက်သေးဘူး ။

SH - " ဟီဆွန်း နဲ့ ဂျေအီ စာမေးပွဲက သုံး လေးရက်နေဖြေရတော့မှာဆိုတော့ ငါ့အိမ်မှာလာအိပ်ပြီးစာတူတူလုပ်ကြရအောင်လေ ။

HS - " ဟာ ဆောင်ဟွန်းရာ ကြိုမပြောဘူး ဟိုနေ့ကဘဲ ဂျွန်ဝမ်တို့နဲ့ တူတူ ဆောနူအိမ်မှာ စာလုပ်မလို့ချိန်းထားပြီးပြီ ဆောနူ ommaကိုလဲလာမယ်လို့ကတိပေးထားတော့ မသွားရင်မကောင်းဘူးလေ"

Jay - " ဟုတ်တယ် ဆောင်ဟွန်း မင်းပါလာခဲ့ပါလား ?? ညမအိပ်ချင်လဲ မင်းအိမ် မင်းပြန်အိပ်ပေါ့ ဘေးချင်းကပ်ဘဲဟာကို "

SN - " ငါ ဟိုတယောက်ကို မတွေ့ချင်ဘူး ။ မင်းတို့ကလဲ ဒီနောက်ပိုင်း အားနေသူ့အိမ်ဘဲခနခနသွားနေကြတယ် ဘာတွေနဲ့များဆွဲဆောင်ထားလဲမသိဘူး "

_စိတ်ထဲမပါ‌တဲ့စကားတွေဘဲ ပါးစပ်ကထွက်လာတယ် တကယ်ဆို သွားချင်တာပေါ့ ဟိုကောင်လေး မျက်နှာလဲမမြင်တာကြာပြီလေ ။ အရင်ကဆို ကောင်လေးရဲ့ ပြတင်းပေါက်လေးကဖွင့်ထားနေကြ တခါတခါ ကျွန်တော့်အခန်းကိုလှမ်းကြည့်ပြီးငေးနေကြဆိုတာကျွန်တော်သိတာပေါ့ ။ အခုတော့ ပြတင်းပေါက်လေးက ပွင့်မလာတော့ဘူး လိုက်ကာကလဲအရင်ကပန်းရောင်လေးကနေ အခုအမဲရောင်ပြောင်းသွားတော့ အရိပ်လေးတောင်မမြင်ရတော့ဘူး။

HS - " မင်းသဘောဘဲလေ ငါတို့က ဆောနူအနားနေနေတာအကြောင်းရှိတယ် အဲ့အကြောင်းကိုမင်းအချိန်တခုရောက်ရင်တော့ ငါပြောပြမယ် အဲ့ကျမှနောင်တတွေမရနေနဲ့ ဟ ဟ ဟ"

SH - " ဘာကိုလဲ စကားကိုရှင်းအောင်မပြောဘူး နောင်လဲပြောရမှာဘဲ အခုပြောလိုက်တော့ ခွေးကိုက်မှာမို့လို့လား"

Crush [Completed]Όπου ζουν οι ιστορίες. Ανακάλυψε τώρα