Crush 💜 ep-21

916 75 4
                                    

Unicode

_ဂျွန်ဝမ် တို့ Hyungတို့ရဲ့အကူအညီနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်လိုက်တော့ ကျွန်တော်ခြေထောက်တွေက အရင်တုန်းကလောက်ထိသွက်သွက်လက်လက်မရှိ ပေမဲ့ ပုံမှန်လိုပြန်ကောင်းနေခဲ့ပြီ ။ အခုဆို ကျွန်တော်က တက္ကသိုလ်ကျောင်းသားကြီးဖြစ်တာတောင်
တစ်နှစ်‌ကျော်ရှိခဲ့ပြီ ။ လူကြီးနဲ့ကတော့ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ နေ့တိုင်းတရက်မပြတ် ဖုန်းပေါ်ပြီး အလွမ်းသယ်နေကြ နောက်ပိုင်း ကျွန်တော် လူကြီးအပေါ်အရမ်းဆိုးမိလို့လူကြီးစိတ်ပျက်နေပြီလားမသိဘူး ကျွန်တော့်စီကိုတပတ်မှာနှစ်ခါလောက်ဘဲဖုန်းခေါ်ပြီးစကားတော့တယ် ။ အခုလိုဆက်ဆံရေးမဖြစ်ခင် တပတ်‌လောက်ကထဲက လူကြီးနဲ့ ကျွန်တော် ပြသာနာလေးတွေတက်ခဲ့ကြတယ်

SH - " ကင်ဆောနူ ~"

SN - " လူကြီး ဘယ်လိုခေါ်လိုက်တာလဲ??"

SH - " မင်း နာမည်ကိုခေါ်တာလေ မင်းငါ့စကားကိုတကယ်နားမထောင်တာလား မင်းမေ့လိုက်တာလား "

SN - " Hyungဘာတွေပြောနေတာလဲ ဆောနူ Hyungနောက်ကွယ်မှာ နှစ်နှစ်အတွင်းဘာအမှားများလုပ်မိလို့လဲ Hyungစကားနားထောင်ပြီး နေနေတဲ့သူပါ "

SH - " အဲ့တာဆို မင်းမ‌နေ့ညကဘယ်အချိန်အိမ်ပြန်ရောက်လဲ "

SN - " ဟိုအဲ့တာကလေ ဆောနူလဲသေချာမသိဘူးနာရီမကြည့်မိလိုက်လို့ "

SH - " ဘယ်သိမလဲ တက္ကသိုလ်ကျောင်းသားကြီးကင်ဆောနူက မနေ့ညက ကလပ်မှာ မူးနေအောင်သောက်ပြီးကဲနေတာလေ အဟက် "

SN - "ဟီဆွန်း Hyungတို့ကလိုက်ခဲ့ဆိုလို့ လိုက်သွားမိတာပါ  "

SH - " သူတို့ခေါ်တိုင်းလိုက်ရလား မင်းကိုအဲ့နေရာ ငါသွားခွင့်ပြုထားလို့လား ပြီးတော့ လိုက်သွားရုံတင်မရဘူး မင်းကသောက်ပါသောက်လိုက်သေးတယ် ငါ့မှာတော့မင်းကိုသတိရလို့ စာတွေပို့ပြီး စိတ်ပူနေလိုက်ရတာ မင်းကတော့ "

SN - " တောင်းပန်ပါတယ် Hyung ဆောနူနောက်ဆို မသွားတော့ပါဘူး သောက်လဲမသောက်တော့ပါဘူးနော် လူကြီး ဆောနူကိုတော့ မင်းတွေငါတွေနဲ့ပြောပြီးစိတ်မဆိုးပါနဲ့တော့ တကယ်တောင်းပန်ပါတယ် ဆောနူမှားပါတယ်"

Crush [Completed]Where stories live. Discover now