1

10K 562 29
                                    

( Unicode )

-

-

-

ခေါင်လုံ မြို့ ၏ အပူချိန်အမှတ်သည်
နွေလည်လာသည်နှင့်အမျှ တစ်ရိပ်ရိပ်
ပြင်းထန်လာလေသည် ။ နေ၏ အရှိန် နှင့်
တပေါင်းနွေတို့ ကလူကြသည့် အခါ
ဖုန်ထုတွေ သိပ်သည်း မွစာကြဲလာပါ၏။
အနောက်တောင် မုတ်သုန်လေလည်း
မတိုက်ခတ်သလို ၊ ခမ်းခြောက်လက်စ
ရေပြင်အောက်၌ပင် မြေကြီးများ အက်ကွဲစ
ပြုကြ၍ ။ ဗမာ့ နွေသည် မြေစာပင် ရဲ့
သွေးများ ပက်ဖျန်း ကဆုန်ပေါက်သည် ။
အနာတရ နဲ့ လျစ်လျူ ရှု့မှုတွေ ၊
မစာနာတတ်ခြင်း နဲ့ စိတ်ရိုင်းတို့၏
ကြိုးကိုင်ရာ တစ်ဖက်ခြမ်းမှာ ပြေးလွှားသံများ
တစ်ရှပ်ရှပ် ညံတယ် ။ ဖိုးခေါင် ဌက် မှ
တွန်ကျူးသံသည် မြိုင်တော တစ်တန်းလုံး
အရင်လို မလှပတော့ပေ ။ ဆူညံသံထဲ
မောဟိုက်မှု နဲ့ သက်ပြင်းရှိုက်သံတွေပင် မက
ကျည်ဆန် ပယောဂတွေပါ ပါလာကြတယ် ။
သင်းကွဲဌက်တွေမှာ အိမ်ပြန်ချိန် မရှိတော့ဘူး ။
အထက်စီးဆန်သော အာဏာအမှောင် ကပဲ
အနောက်က မရပ်မနား လိုက်လာခဲ့တာ ။

သွေးညှီနံ့တွေနှင့် ညှော်နံ့တွေ
ရောယှက်ဆက်နွယ်လျှက် တလိပ်လိပ်
တက်လျှက်ရှိသည် ။ ဝေဟင်မှာ ကြည့်ပါဦး ။
မည်းလိပ်နေလိုက်တဲ့ အခိုးအငွေ့ တွေ ။
ပျံသန်းမှုမှာ ဒီအတိုက်အခိုက်တွေကြောင့်
မလှည့်ကြည့်စတမ်း ရူးရတယ် ။ ငတ်မွတ်
-ဆာလောင်လာသော ရေကျိုးဆယ်ပါး က
ဘယ်သူ ပြုလို့ မှီရာ ပြည့်နိုင်ပါလိမ့် ။
မြေပြင်တစ်ခွင် ခြေချစရာနေရာ
မရှိလောက်အောင် ၊ ပုန်းခိုစရာ နေရာ
မရှိရလောက်အောင် အထိ ရက်စက်သော
လူမျိုးတုန်းသတ်ဖြတ်မှုတို့ ဖြစ်နေကြ၏။
ခြေဖဝါးမှာ ဆူးတဲ့ ခဲစ တွေဟာ တချို့မိသားစု
-တွေရဲ့ နှလုံးသားထဲ စိုက်ဝင်သွားတယ် ။
မျက်ရည်တစ်စက် မြေပေါ် ပြုတ်အကျ
ဘဝကြီးတစ်ခုလုံး စုတ်ပြတ်သွားတာ ။
နောက်ကျတဲ့ ခြေလှမ်းတွေလည်း သစ္စာဖောက် အဖြစ် အယူခံဝင်လို့ စတေးတယ် ။

နှစ်ပေါင်းများစွာ တည်လာခဲ့သော ( သို့ )
သိမ်းပိုက်ခဲ့ကြသော ဗြိတိသျှ အင်ပါယာ
မျိုးဆက်သည် ယခုတော့ တန်ပြန်သူတို့
ဖြိုခွင်းခြင်းကြောင့် အစိတ်စိတ်အမွှာမွှာ
ကွဲလျှက်ရှိပေသည် ။ တစ်ဖောင်းဖောင်း
ကျယ်လောင်ဟန် သေနတ်သံ တွေ နဲ့ အတူ
ငိုသံတွေပါ မိုးမြေခတယ် ။ ဆုံးရှုံးမှု နှင့်
နစ်နာမှု ရဲ့ ကမ်းတစ်ဖက်မှာ မြင်လေရာတိုင်း
ဒဏ်ရာဒဏ်ချက်တွေပါပဲ ။ လူတိုင်းဟာ
အသက်တစ်ချောင်းသာ ပါလာကြတယ် ။
လူ့လောက ဆိုသည်မှာ တစ်ကြိမ်ထက်
ပိုရှင်သန့်ခွင့် မရှိတဲ့ အရာ ။ အားလုံးဟာ
ကမ္ဘာဆီကို ခတ္တခဏ ဧည့်သည်
လာလုပ်ကြပြီး အလို လောဘဇော တက်မှုကို
မလွန်ဆန်နိုင်တော့ အိမ်ပြန်ရတယ် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now