Extra - 1

1.7K 87 29
                                    

( Zawgyi )

-

-

-

-
မည်းနက်နေတဲ့ ကွင်းပြင်ကြီးတစ်ခုမှာ ၊ ခပ်
-ရေးရေး ဖြစ်ပေါ်လာတဲ့ အလင်းလေးနောက်
မောင် တစ်ကောက်ကောက် လိုက်ခဲ့မိတယ် ။
သူကတော့ လမ်းပြသွားတာပါပဲ ။ ဒါပေမယ့်
အဲ့လမ်းကို မောင် ဘာကြောင့် ရှာ မတွေ့ခဲ့ရ
-တာလည်း ။ စိတ်ကူးထဲမှ ရုန်းထွက်လေလေ
ထိုအလင်းတန်းလေးဟာ မှိန်ဖျော့လာလေလေ
ဖြစ်ရင်း မောင့် သက်တမ်းရဲ့ နေဝင်ချိန်တွေ
များသည်ထက် များပြားလာခဲ့တယ် ။
ကိုယ့်ကိုကိုယ်တောင် မရေရာနိုင်တဲ့ အခိုက်
အားကိုးရာ အလင်းတန်းလေးက မောင့်ကို
ရက်ရက်စက်စက် ထားပစ်ခဲ့ပြီ ။ အို. . .
နွယ်ပင် ရေ. . .ရစ်ပတ်တတ်လွန်းလို့
ရုန်းထွက်ရမှာ ခက်လှပါတယ် ။ မရုန်းထွက်
-နိုင်တဲ့ ဒဏ္ဍာရီ လောက မှာတော့ မောင်ဟာ
အချစ် အရူးလေး တစ်ယောက်ပေါ့ ။
မောင့်အတွက် ၊ မောင့်အတွက် ဆိုပြီး
မင်းကိုယ်မင်း မေ့နေခဲ့တဲ့ မင်းကို မင်းအတွက် ၊
မင်းအတွက် ဆိုပြီး မောင့်ကိုယ်မောင် မေ့ဖို့
ကြိုးစား ပေးကမ်း လိုက်ချင်စမ်းပါဘိဗျာ ။

ကြယ်လေး တစ်ပွင့်ကိုင်ပြီး ဆုတောင်းရုံနဲ့
လမင်းအဖြစ် ပိုင်ဆိုင်နိုင်ခဲ့ရင် ။
မှန်လေးတစ်ချပ်ထောင်လို့ တမ်းတရုံနဲ့
ကန်ရေပြင် ဖြစ်လာရိုး ရှိခဲ့ရင် ။
ကြေးတစ်စ ကိုင်လို့ မှန်းဆ ရုံနဲ့
ရွှေတစ်စ ဖြစ်လာခဲ့မယ် ဆိုရင် ။ ရေကြည်
-တစ်ဗူး ဌောပနာ ပြုလို့ လွမ်းဆွတ်ရုံနဲ့
သေရည် တစ်ခွက် ဖြစ်လာခဲ့ရင် ။
မဖြစ်နိုင်ခြင်းတွေကို ဆုတောင်းလို့
ရခဲ့ ရိုး မှန်ရင် ။ မောင် နေထိုင်ရာ အရပ်အဝန်းကို တိုင်တည် သက်သေတည်လို့
ပန်းကလေးတစ်ပွင့်ကို မင်းအဖြစ် အသွင်
ပြောင်းလဲပါ့မယ် ။ မောင့် နှလုံးသား ကို
ပူဇော်ပသ၍ မင်းကို အကောင်အထည်
ဖြစ်စေရစ်ပါ့မယ် ။ မောင့် မျက်တောင်
-မွှေးလေးတွေကို တစ်ပင်ချင်းနှုတ်လို့ မင်း
ပြန်မလာမချင်း မောင် ဆုတောင်းသွားမယ် ။
မင်း ချစ်တတ်တဲ့ သတ္တဝါတွေ အသက်ကို
ကိုင်တွယ် စတေးလို့ မင်း ရှင်သန်ခြင်းအဖြစ်
မောင် ဖန်တီးမယ် ။ မင်းကလွဲရင် . . .
မောင် တကယ် ဘာမှ မသိတော့ဘူး ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now