Extra - 4

1.3K 96 12
                                    

( Zawgyi )

-

-

-

ကောလဟာလ ဟူသည် သတင်းတစ်ပုဒ်
ဖြစ်လာနိုင်ခဲ့၍ ။ သတင်း တစ်ပုဒ်သည်လည်း
ကောလဟာလ ဖြစ်လာနိုင်သည် ။
တောင်စွယ်မှာ ကွယ်သော နေ၏ နမိတ်သည်
အဆုံးမဲ့ပြီ ထင်ရငြား၏။ နေကို ပထမဆုံး
မြင်ဖူးသည့် ကလေးငယ် တစ်ယောက်ဟာ
နေဝင်တာကို အထူးတဆန်း မေးလိမ့်မည် ။
နေ ပြန် မထွက်တော့ဘူးလား ဟုပင် ပါ၏။
လမင်းကို ပထမဦးဆုံး မြင်ဖူးတဲ့  ကလေး
-တစ်ယောက်သည်လည်း မရမှန်းနိုင်မှန်း
မ သိဘဲနဲ့ လိုချင်တယ်လို့ တောင်းတယ် ။
ငြိတွယ်ရာ ကြိုးဆိုင်တွေရဲ့ သေဆုံးခြင်းကို
မမြင်ဖူးတဲ့ ကလေးတစ်ယောက်က သေလူဆီ
ဘယ်တော့ ပြန်နိုးလာမှာလဲ လို့ မေးလိမ့်မယ်။
ကလေး မဟုတ်ခဲ့တဲ့ တစ်စုံတစ်ယောက်၏
ကလေး ဟာ ထို ဥပမာများနှင့် တူညီပေ၏။
အချစ် နှင့် စွဲလမ်းမှုကြား အတ္တသေးသေးလေး
ပါနေခဲ့တာကို သူ ကိုယ်တိုင် မမြင်နိုင်ခဲ့ဘူး ။
နေသည် မနက်ဆို ထွက်လာဦးမယ် ။
လကို ဘုရင်တောင် ပိုင်ဆိုင်ခွင့် မရနိုင်ဘူး ။
သေသူ တို့ ဆိုတာ ပြန်ရှင်လာဖို့ ဝေးလေစွ ။
လမ်းလျောက်တတ်စ ရင်သွေး တစ်ဦးကို
လဲကျရင် ထူပေးဖို့ မိဘ ရှိနေခဲ့ပေမယ့်
သူပြိုလဲသွားတဲ့ အခါ သူ့ဘက်မှာ ဘယ်သူမှ
ရှိမနေခဲ့ပါပေ ။

သူ အားကိုးတဲ့ လမ်းမှန်လေး သည်
သူ့ ဝေးဝေး သို့ ခပ် အေးအေး မျော့၏။
သူ ကြည်ဖြူတဲ့ ပညာရှင်သည်
သူ မရှိရာ အရပ်မှာ အိပ်ပျော်နေရှာ၏။
ကြွေလွင့် ရော်ဝါတို့၏ အိမ်ပြန်ချိန်သည်
နင်းချရာ ပထဝီ မြေပြင် ဖြစ်၏။ ဒဏ်ရာ
-ဒဏ်ချက်တို့၏ စုံလုံးကန်းရာ ဝင်ရိုးစွန်းမှ
မေ့ပျောက်မရနိုင်သော အက္ခရာသည်
ကြင်နာသူ ပိုင်ဆိုင်၏။ ပန်းနုနု အနမ်းတွေရဲ့
ခိုဝင်ဖူးရာ တိုင်းနိုင်ငံသည် ခရမ်းနုနု
နှလုံးသားဆီ တန်းမတ်၏။ နွေခေါင်ခေါင်ရဲ့
မိုးကြိုးသည် ရည်ရွယ်ရာ မှေးစက်မှုတွေကို
လှုပ်ခါ နှိုး၏။ ဘယ်သူမှ မကြားနိုင်သော
နှလုံးခုန်သံတွေ သူ့နားထဲ အတိုင်းသား
ကြားနေရလေတယ် ။ တောင်အရပ်သည်
မြောက်အရပ်နှင့် မျက်နှာချင်းဆိုင်ဖြစ်ပြီး
မှန်ထဲက အလင်းပြန် ကိုယ်သည် လူစင်စစ်
- ကိုယ် နှင့် မျက်နှာမူ တွေ့ရှိသကဲ့သို့ ။
အရိပ် ပမာ တစ်ကောက်ကောက် နဲ့
လိုက်ခဲ့ပါမယ် ။ အမှောင်ယံ နှင့် ကြုံဆုံစဉ်မှာ
ခတ္တပျောက်ကွယ်ခွင့်တော့ ပေးပေါ့ ။
အလင်းကူမှ ထပ်ကြပ် မကွာ ပါလာ ရမယ့်
အခြေအနေမို့ ခြေစုံတွေ လေးကန် နေခဲ့သည်
-ရှိသော် ။ မပြိုပါနဲ့လား မောင့် ဖယောင်းညို ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Donde viven las historias. Descúbrelo ahora