27

827 95 33
                                    

( Zawgyi )

-

-

-

ဝါဆို လပြည့် ဗုဒ္ဓနေ့. . .။

အချိန်တွေ များစွာ ကြာလာပြီးနောက်
လထူး ၊ လမြတ် ကို ရောက်လာသည် ။
မိုးကာလ နှင့် နွေကာလ နှစ်ခု၏
ကြားဝယ်ဖြစ်သည် ။ မိုးပြေးလေး တစ်လှည့် ၊
နွေနေ ပူပူ လေး တစ်လှည့် နဲ့
သည် အခါသမယ ကို ကဗျာဆန်စွာ
ဆောင်ကျဉ်းထားကြသည် ။
ဆယ့်နှစ်လ ရှိသည့် အနက်
စုတ္ထမြောက် ရာသီစက်ဝန်း တစ်ဖြစ်လည်း
ဘုရားရှင် ပဋိသန္ဓေ တည် သော နေ့ ၊
တောထွက်တော်မူ သော နေ့၊ တရားဦး
ဓမ္မစကြာဟောကြားတော် မူခဲ့သော နေ့ ၊
တန်ခိုး ပြဋိဟာ ပြတော်မူသောနေ့လည်း
ုဖြစ်၏။ ခြံထဲက ပုန်းညက်ပန်းလေး တွေသည်
တစ်ခင်းလုံးလုံး ဖွေးဥ မွှေးကြိုင်ကြလေရဲ့ ။
သင်းရနံ့က ခြံထဲမှသည် အိမ်အပေါ်ထပ်အထိ
ထိုးဖောက် ဝင်ရောက်သည် ။
လပြည့်နေ့ရဲ့ ယခု မနက်ပိုင်းမှာ
မိုးက စွတ်စွတ်စိုစို နဲ့ ရွာသည် ။
ဝါဆိုလွန်ရင်တော့ မိုးတွေ သည်းမည်ထင်ရ၏။
ဆန်ပွဲရုံ အရင်းမြစ်တွေလည်း
လယ်ယာ စိုက်ပျိုးရေးများ စတင်
လုပ်ဆောင် နေလုပြီ ။

မိုးရဲ့ အိပဲ့ ၊ အိပဲ့ ဖြစ်မှုကြောင့်
ဖောင်းဝါမြစ်၏ ရေဟာ မသိမသာလေး
လျှံတက်လာခဲ့သည် ။ ခြံကြီးတွေ၏ အရှေ့၌
ရေတွေ တစ်ကွက်ကြား အိုင်ပြီး
စိုမလိုဟန် ၊ ခြောက်မလို ဟန် နဲ့ ။
တစ်ရပ်ကွက်လုံး မြေလမ်းတွေ ဖြစ်တော့
ရွံ့ဗွက်ကပါ ရှိနေသေး ။ မိုးရာသီ မှာ
ရေတက်ရင် ကင်း ၊ မြွေ အစရှိသော
ပိုး ကောင်တွေက နေစရာ ရယ်လို့ မရှိ တော့
အဲ့အတွက်လည်း သေချာ သတိထားရသည် ။
ဒါပေမယ့် အခုထိ ရေက အလုံးရင်းနဲ့
ဆိုးဆိုးဝါးဝါး တက်မလာသေးပါ ။

သည်နေ့ ညဥ့်ကလေး က
ဘုရားသွားချင်ပါတယ် ၊ ဝါဆို သင်္ဃန်း
ကပ်ချင်ပါတယ် ဟု ဆို၍
သူလည်း လိုက်သွားမည် ဖြစ်သည် ။
ငယ်ငယ်လေးတည်းက လပြည့်နေ့ဆို
မိသားစုနဲ့ လုပ်နေကျ ကိစ္စရပ်လေးတွေ မို့
ဆယ်စုနှစ်ကြာ မှောင်မိုက် နေခဲ့ပြီးမှ
အခု ညဥ့်ကလေး ဘဝ ထဲ သူရှိလာချိန်မှာ
ညဥ့်ကလေးက ငယ်ငယ်ကလိုလေး
ပြန်နေချင်တယ်လို့လည်း ဝန်ခံထားသည် ။
မလိုက်ချင်ရင် နေခဲ့လို့ ရတယ် ပြောပေမယ့်
ကိုယ့်ချစ်သူကို တစ်ယောက်တည်း
မလွှတ်ရက်နိုင်တာက သူ့ စိတ်မချမှု မည်၏။
ကိုယ်ကလည်း သူ့ဘာသာရေးကို
လေးစားသမှု ထားရုံမျှ မက
ဆရာ တစ်ယောက်လည်း ဖြစ်နေချေတော့
စလယ် အဆုံး အကုန် လေ့လာထားသည် ။
သူကလည်း ကိုယ့်ဘာသာရေးကို
မကန့်ကွက်ပါ ။ ညဥ့်ကလေး နဲ့ သူဟာ
နားလည်မှု အထူးတလည် ပေးစရာမလိုဘဲနဲ့
နားလည်မှု ရှိကြသည့် ရေစက်ပင် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now