4

2.1K 243 12
                                    

( Unicode )

-

-

-

ကန္တာရကဲ့သို့ လောင်မြိုက်ပူပြင်းလှသည့်
အပူချိန်သည် ကြီးစိုးဆင်းသက်နေသည် ။
သူတို့တပ်တွေ စခန်းစုချရာ ရဲတိုက်ထဲ
သူတို့နေထိုင်ရာ အခန်းကန့်တွေရှိပြီး
လက်နက် အမြောက်အများ ကိုတော့
မြေအောက်ခန်းမှာ သိုလှောင်ထား၏။

ရဲတိုက်သည် တိုင်းတစ်ပါးများကဲ့သို့
ဘိလပ်ဖြင့် ဆောက်တည်ထားခြင်းမဟုတ်. ,
ရဲတိုက်ပတ်လည်မှာ ကျုံးများမရှိ ၊
အဝင် ဝ မယ် ဆိုင်းကြိုးဖြင့် အတင်အချ
လုပ်ရသော သံကွန်ရက် တံခါးမကြီးလည်း
မရှိပေ. . .။ ထိပ်ဦးပိုင်း၌ ချွန်ထက်သော
မျှော်စင်တို့ ရှိရမည့်အစား တုံးတိအဖြစ်သာ
ပုံဖော်ထားသည် ။

သက်တမ်းနုနယ်၍ သုံးထပ်မျှသာရှိသည် ။
ယင်းအဆောက်အဦးသည် ရွံစေးမြေကို
ဂျုံပင်ဖြင့်ပေါင်းစပ်ပြီး မဆလာဖျော်ကာ
စွန်ပလွန်သစ်ဖြင့် တည်ဆောက်ထားခြင်းမျှ ။
ကာဖီကြိတ်ရောင် အဆင်း သဏ္ဍာန်နှင့်
မြေတံခါးပေါက် သေးသေးလေးတွေဟာ
အထပ်တိုင်းတွင် ကိုယ်စီရှိကြသည် ။

အထူးသဖြင့်တော့. . .ခုခံကာကွယ်ရာ
တပ်မဖြစ်၏။ တစ်ခေတ်ထကာ အင်အား
သာလာတဲ့ သူတို့ဗမာလူမျိုးများ နေထိုင်ရာ
ဒီအဆောက်ဦးကိုတော့ ကျူးကျော်ရန်သူတွေ
လာမထိရဲပေ. . .။ ထိလျှင် ထိသလောက်
ရှုံးသည် ။ တစ်တပ်ချပေးလျှင် တပ်တစ်ခုလုံး
ပြုတ်သွားတတ်သည် ။

သူတို့က ကိုယ့်လူမျိုးကို ညှင်းပန်းဖမ်းဆီး. . .
ကိုယ်တို့က သူ့လူမျိုးကို ပြန်ဖမ်းဆီးဖြင့်
အသက်သွေးကြွေးကမ္ဘာထဲ
သံသရာလည်လာတာ ကြာညောင်းလှပြီ ။
တစ်ပြန်လ ကမှ ချုပ်ဆိုခဲ့သော
ငြိမ်းချမ်းရေးစာချုပ်ဟာလည်း
ဘယ်တော့ ထဖောက်ပြန်လေဦးမလဲ မသိ ။
လှည့်ကွက်လည်း ဖြစ်နိုင်တာမို့ ကြိုတင်
သတိကြီးကြီးထားရ၏။ အပြစ်မဲ့တဲ့ သူတို့
လူမျိုးတွေ မြေစာပင် ဖြစ်ရတာကြောင့်နဲ့တော့
ကိုယ့်မြေကို ကိုယ့်လက်ထဲ ပြန်ထည့်မည့်
အမျိုးကောင်းတွေ မဟုတ်ချေ ။

သူတို့အာဏာ တည်မြဲဖို့ အတွက်ဆိုရင်
သူတို့ ရွှေမျိုး အသိုင်းဝိုင်းတွေရဲ့
လည်ချောင်းသွေးနဲ့ပင် ခြေဆေးရ ဆေးရ ။
သူတို့ မိသားစုနွယ်ဝင်တွေရဲ့ ဦးခေါင်းကိုပင်
ဖြတ်ရဖြတ်ရ ။ သွေးမတော် သားမစပ်သည့်
ကြားလူတွေအတွက် ထည့်တွေးပေးတယ်
-ဆိုကတည်းက ဒါဟာ နိမိတ်ကောင်း
မဟုတ်တန်မှန်း ဝေခွဲ သိရှိ၏။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now