Epi <23> - She passed away

2K 137 2
                                    

[Unicode]

" ထယ်ရေ မောင်ရုံးကပြန်လာမှသွားကြရအောင်နော် "

" အင်း အဲ့လိုလည်းရတယ်မောင် "

ဂျောင်ဂုရဲ့အိမ်မက်အကြောင်းကို ထိုနေ့ကစပြီး
အစမဖော်မိသလို ထယ်ယောင်း လည်းမေ့နေမိသည် ။
စူထွက်နေတဲ့ဗိုက်လေးကြောင့် ထယ်ယောင်း
အအိပ်ကောင်းအစားကောင်းဖြစ်နေသလို Mood swing  ကြောင့်လည်း တစ်ခါတစ်ရံ အိုမား အကြောင်းတွေးပြီး ရှိုက်ကြီးတငင်ထငိုတတ်သေး ။ ထိုအချိန်တွေမှာ ဂျောင်ဂု စိတ်ရှည်ရှည်နဲ့ အချော့သမားလုပ်ရလေရော ။

ဂျောင်ဂု ကဒယ်ဂူကရုံးခွဲမှာပဲ ယာယီဦးစီးနေရကာ
ထယ်ယောင်း တို့လည်းဒီမှာနေရတာတစ်လခွဲခန့်
ရှိပြီဖြစ်သည် ။ တစ်ရက်ခြားတစ်ခါခန့် ထယ်ယောင်းအိုမား ကိုလူနာသွားကြည့်ပေးဖြစ်၏ ။ မတိုးတက်လာပဲ ကိုမာဝင်ကာအသိလစ်နေဆဲ အခြေအနေမှာ သူတို့ပင်အနေအေးနေမိပြီ ။

နေ့လည်ရုံးဆင်းချိန် ဂျောင်ဂု ပြန်လာကာ ထယ်ယောင်း
နဲ့အတူ ဆေးရုံသို့သွားကြသည် ။ နေ့တစ်ဝက်ပဲရုံးတက်ပြီး
သူ့အချစ်ဘေးမှာအမြဲနေတတ်တဲ့ ဂျောင်ဂု ဟာသဘော
အကျကြီးကျနေလေရဲ့ ။ ဆိုးလ်မှာကျန်နေခဲ့တဲ့ ဟိုဆော့
နဲ့ ယွန်းဂီ ကတိုင်မ်းကိုချက်ချင်း တရာဗယ် လိုက်ရသလို
ဂျောင်ဂုရဲ့ပိုးပန်းချိန်ကသူတို့အလုပ်ရှုပ်ပုံကို ပြန်ပြန်တွေးရင်း
ကူညီပေးနေကြ၏ ။

ဒယ်ဂူ မှာအမျိုးတွေလဲရှိသလို သူတို့ကလည်း
လာကြည့်ပေးပြီး အဆင်ပြေပြေနေလို့ရလို့အိုးမားရဲ့
မွေးရပ်မြေဖြစ်တာကြောင့်လည်း ဒီမှာပဲနေရသည် ။
ခက်ခက်ခဲခဲကျန်းမာရေးမခြေအနေကြောင့် ဆိုးလ် ကို
ပြောင်းလို့မရခဲ့ ။ အခုတော့ အတော်ပင်သက်သာကာ
Emergency room ထဲကထုတ်ထားပြီ ။ တစ်ရက်
တစ်ရက် အိုမားနားမှာနေ၊ အကုန်လုပ်ကိုင်ပေးပြီး
ဂျောင်ဂု ရောပါညအိပ်ပေးကာ အနည်းဆုံးတစ်ရက်လောက်ပဲ
အိမ်ပြန်ဖြစ်လေတော့ Extra beds တွေအပြင်
အိမ်တစ်လုံးလိုဖြစ်နေရော ။

ထယ်ယောင်းအိုမား ငယ်စဉ်က ဒယ်ဂူ ကလည်း
ဤမျှလောက်မကြီးသး  ။ တစ်မြို့လုံးကိုပတ်သွားပြီး
မသိသူမရှိခဲ့လေသူ ။ ထယ်ယောင်း နှင့်အတူတူလည်း
ခဏခဏလာတတ်သည် ။ ထို့ကြောင့်ယခုအချိန်
တစ်ယောက်ယောက်က ထယ်ယောင်း ကိုအပြင်မှာပဲဖြစ်ဖြစ်
တွေ့ပြီဆို " ဟယ် ကင်မ်ဟုန်းအာ ရဲ့သားလေးထယ်ယောင်း
မလား " ဆိုကာ လာလာနှုတ်ဆတ်တတ်ကြပြီး
ဆေးရုံ၊ဉညတက်နေရတာကို သိသွားကြတော့ လာလာပြီး
ပြုစုပေးကြရှာသည်မှာ နေ့တိုင်းမပြတ် ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now