Epi <37> - Bunny twins

2.2K 107 0
                                    

[Unicode]

မေမေ့ကိုနမ်ဂျွန်းဟျောင်းတို့ကပါ ကန်တော့ပြီး
ပြန်သွားကြလေပြီ ။ ပင်ပန်းနေပုံပေါ်တဲ့ ချစ်ရသူဘေးနား
ကပ်တော့ ထိုလူသားလေးကလူပျိုဖြန်လေးလိုရှက်နေသေး ။

" မောင်နော် ... မကဲနဲ့ "

" မောင့်အချစ်ကို လွမ်းလွန်းလို့ပါကွာ "

" ဘာလွမ်းတာလဲ မတွေ့ရတာ တစ်ရက်တောင်မပြည့်သေး "

" တစ်နာရီလောက်ခွဲ့ရတာနဲ့တင် မောင့်မှာနှစ်တစ်ရာလောက်
ကမ္ဘာပျက်နေတာကော သိရဲ့လား "

" အသက်ကြီးလာလေလေ စကားတွေကတတ်လာလေလေ
ပဲနော် ဘယ်ကနေသင်လာတာလဲ ဂုဏ်ထူးပေးရမယ် "

" ဒါကနှလုံးသားကနေ သူ့အလိုလိုတတ်ကျွမ်းလာတဲ့
မောင့်အအချစ်ကို အထူးပြုတဲ့ဘာသာရက်ပေါ့ ...
ဒါနဲ မောင်အသက်မကြီးသေးပါဘူးနော် ခုမု 26 နှစ်
နုနုထွဋ်ထွဋ်လေးရယ်ပါ သူများတွေဆိုနုလာတယ်တောင်
ပြောကြသေးတယ် "

" ဟွန့် ၊ မင်းထက် နှစ်နှစ်ကြီးတဲ့ ငါ့ကိုအားနာပါဦး "

" မောင်သိတယ် ၊ မောင့်အချစ်ရဲ့ သမိုင်းမှာ
အိုးမင်းရင့်ရော်မှုဆိုတာမရှိဘူး "

မောင့်ရင်ခွင်ထဲမှာနေပြီး ရင်ဘတ်ပေါ်မှာယှက်တင်ထားတဲ့
မောင့်ရဲ့လက်တို့ကိုဆုပ်ကိုင်ရင်း ပြုံးမိသည် ။
ခေါင်းကိုသမင်ပြန်လည်စောင်းတော့ မောင့်အနမ်းတို့က
အသင့်စောင့်ကြိုနေလျက် ။ နှုတ်ခမ်းသားနုနုပါးပါးတို့က
ယခုတိုင်ပြောင်းလဲသွားခြင်း အလျဉ်းမရှိ ။

​မောင့်ရင်ခွင်ထဲမှာဆို ငါလုံခြုံတယ် ၊ မောင့်ကိုယ်သင်းရနံ့ကို ငါကအောက်စီဂျင်အစား ရှုရိုက်မယ် ၊ မောင်းရဲ့နှလုံးသားနဲ့
ငါ့ရဲ့နှလုံးသားက ထာဝရရာသက်ပန်နီးစပ်နေမယ် ၊
မောင့်နဲ့ငါ့ရဲ့အရိပ်အမြုံအောက်မှာ သားနှစ်ယောက်ကို
အကောင်းဆုံးပြုစုပျိုးထောင်မယ် ၊ မောင်က အချစ်လို့
ခေါ်တိုင်း မောင့်မှာရှိသမျှချစ်ခြင်းတရားတွေ ငါကပဲ
သိမ်းပိုက်ထားမှာ ၊ မောင်ရယ် ...
ငါသာမင်းနဲ့ကွေကွင်းရမယ်ဆို ရူးသွားမှာ ။
ဟင့်အင်း အတွေးနဲ့တောင်တွေးမကြည့်ရဲဘူး ...
__________________________________

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now