Epi <3> - Nearer and nearer

4.4K 334 6
                                    

" ကျွန်တော့Camera ပြ ပြန်ယူချင်လို့ပါ ''

နီရဲနေတဲ့နှုတ်ခမ်းပါပါးတစ်စုံက ထွက်လာတဲ့စကားတွေက တုန်ရီနေလေရဲ့။

ဘာကြောင့်များလဲ ....
.
.
.
.
.
" လာယူ ''

ဒီကောင်လေး ပါးစပ်ကထွက်လာတဲ့ တဲ့စကားဟာ
အမိန့်တော့ဆန်သား ။

မျက်ရည်တွေလည်း ဝဲလို့ပါလား။

ထယ်ယောင်း ထိုကောင်လေးကိုကြည့်မိရာသနားစိတ်တောင်
ဝင်မိသေး ။ သူ့ပေါင်ဘေးနားက ကင်မရာ ကိုဆတ်ခနဲ ဆွဲယူပြီးပြန်မယ်အလုပ် ။

" မင်းကဒီမှာအကြာကြီး ဘာထိုင်လုပ်နေတာလဲ ''

အကြောတင်းပုံပေါ်တဲ့ ထိုကောင်လေးကမေးလာတော့
သူ့မှမျက်လုံးလေးကို ပြူးလို့ ။ ဒီလို စကားလာပြော လိမ့်မယ်မထင်ခဲ့ ။

" ကျွန် ကျွန်တော် ဒီအတိုင်းကိစ္စလေးရှိလို့ပါ ''

" ငါနဲ့အတူတူထိုင်မလား ''

ဒီတစ်ခါကတော့ တခြားနေရာမှာထိုင်နေသူကြီး ဟိုဆော့
မျက်လုံးမျက်ဆံပြူးကာနေသည် ။ သူ့အသားကိုထိမယ် မပြောနဲ့ အနားကပ်တာတောင် မကြိုက်တာ ဂျောင်ဂု အကျင့်ရယ်ပါ ။ အခုသူ့ဘေးနားမှာထိုင်ခိုင်းတယ် ။

" တောင်းပန်ပါတယ် သွားစရာရှိသေးလို့ပါ ''

ဂျောင်ဂု ခေါင်းသာငြိမ့်ပြလိုက်သည်။
ထယ်ယောင်း ကလည်းပြေးထွက်သွားတာ လစ်ကနဲ။

Jungkook လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး
ကောင်းကင်ကြီးကို‌သာ မော့ကြည့်နေလိုက်သည် ။

ကောင်းကောင်းရှိနေရဲ့လား မေမေ ~
__________________________

" ဂျီမင်း ငါလာပြီ !!! "

သူငယ်ချင်းရှေ့ကို ‌အပြေးလေးသွားရင်း ဟိုရောက်တော့
ခေါင်းကိုအခေါက်ခံလိုက်ရတာကြောင့် စိတ်လက်တစ်ဆစ်နဲ့
သူ့ကိုမျက်စောင်းပိတ်ထိုးလိုက်သည် ။

ဂွပ် !

" ဟီးဟီး ''

ထယ်ယောင်း ရဲ့ဒီလိုပုံစံကိုတော့ သူတပည့်လေးတွေမရှိရင်
တွေ့ရမှာပါ ။ သူ့ရဲ့လေးထောင့်ဆန်ဆန်အပြုံးကို
စာသင်နေချိန်မှာ ရုပ်တည်တည်လေးနဲ့ကွယ်ဝှက်ထားတတ်
သည်လေ ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now