Epi <27> - 24hrs

2K 119 0
                                    

[Unicode]

" မောင်ရေ ထတော့ မင်းအိပ်ပုတ်ကြီးလိုက်တာ "

ထယ်ယောင်း အခန်းထဲဝင်လာပြီး အိပ်ပျော်နေတဲ့ မောင့်ကို
နမ်းကာ စောင်တွေခေါက်နေသည် ။

" မင်းညကနောက်ကျမှဝင်အိပ်တယ်မလား
ငါစိတ်ဆိုးတော့မှာ ဒီနေ့ဘာနေ့လဲမသိရသလား "

" မောင်ကမေ့စရာလား ဒီနေ့လေးကို "

" ထ အဲ့တာဆို ... ငါတောင်အောက်မှာ ချက်ပြုတ်ဖို့ပြင်ပြီးပြီမောင့်ကိုစောင့်နေတာ "

" အွန်း လာပြီအချစ် "

ဒီလိုနေ့​တွေ ဂျွန်စံအိမ်တော်ကြီးတစ်ခုလုံး အလုပ်ရှုပ်နေတတ်သည် ။ ထယ်ယောင်း ရဲ့တစ်ချက်လွှတ်
အမိန့်ကြောင့်လိုလည်းဆိုလို့ရသလို ကိုယ်တိုင်ကလည်း
စိတ်ပါတာကြောင့် သူကိုယ်တိုင်ထမင်းဟင်းချက်ရတဲ့ ဂျောင်ဂု ။ ထိုအချိန်ဆို တစ်အိမ်လုံးက မီးဖိုဆောင်ဝင်နေတဲ့
ဂျောင်ဂု ကိုအထူးအဆန်းဆိုသလိုကြည့်နေတတ်ကြသည် ။

ထယ်ယောင်း နဲ့ဂျောင်ဂု မီးဖိုချောင်ဝင်ကာ ရေမိုးချိုးပြီး
ချစ်စရာဘူးလေးတွေကို ခြင်းသေးသေးလေးထဲထည့်ကာ
ကားနောက်ဖုံးထဲထည့်လိုက်သည် ။ ထိုရက်တွေဆို
ဂျောင်ဂု ကကားမောင်းပြီး ထယ်ယောင်း ရောလိုက်ကာ
သူတို့တစ်စီးပဲမောင်းတတ်သည် ။ခါတိုင်းလိုဘယ်ကားမှ
မခေါ်ကြ ...

" မောင် ... ပန်းဆိုင်တစ်ဆိုင်ဝင်ကြရအောင် "

ထယ်ယောင်း ကြောင့် ဂျောင်ဂု ပန်းတွေဝေဆာနေတဲ့
ဆိုင်တစ်ခုထဲဝင်သွားသည် ။ ပန်းရနံ့တွေသင်းပြီး
ရောင်စုံပန်းတွေနဲ့ ဝေဆာနေတဲ့ ပန်းဆိုင်ငယ် ။

" ကြွပါရှင် ... ဘာပန်းများအလိုရှိပါသလဲ "

" နေကြာပန်း !! "

ဆိုင်ကကေညင်မလေးက နေကြာပန်းကိုသေချာညှပ်ကာ
အညိုရောင်စက္ကူစလေးနဲ့ ချစ်စဖွယ်ထုပ်ပိုးပေးနေတာကို
နှစ်ယောက်စလုံး ပြုံးပျော်ကာကြည့်နေမိရဲ့ ။

ထယ်ယောင်း လက်ထဲကနေကြာပန်းစည်းလေးကို
ကြည့်ရင်းပြုံးနေသည်ကို နောက်ကဂျောင်ဂု ကလည်း
ပျော်ပျော်ကြီး ပိုက်ဆံရှင်းပေးနေတယ်တဲ့လေ ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now