Chapter1

15.2K 813 39
                                    

Unicode

"မင်းသားလေးဖွားမြင်ပြီတဲ့"

ရုတ်ရုတ်သဲသဲဖြစ်နေသောဗြိတိန်ရဲ့မနက်ခင်းတစ်ခုတွင်ဆူညံနေကြသောအသံများ...
ဗြိတိန်အင်ပါယာကြီး၏ထူးခြားသောနေ့လေးတစ်နေ့ပင်ဖြစ်သည်။

ကလေးကအစခွေးအဆုံးဗြိတိန်၏စတုတ္ထမြောက်မင်းသားလေး၏ဖွားမြင်ပွဲသို့တက်ရောက်ကြသည်။
ရွှေရောင်တွေဖြင့်သာမွှန်းခြယ်ထားသောအခမ်းအနားကြီးသည်လည်းကြီးကျယ်ခမ်းနားလျက်သာ...

မင်းသားငယ်လေးသည်နုနုနယ်နယ်လေးဖြစ်ကာမိုးပြာရောင်မျက်လုံး၊ရွှေအိုရောင်ဆံပင်၊နှင်းကဲ့သို့ဖွေးဆွတ်လှသောအသားအရေများကိုပိုင်ဆိုင်ထားပါ၏။
ထို့ကြောင့်လည်းနတ်ဘုရားဇူးစ်ကဗြိတိန်အတွက်ချီးမြှောက်ထားသောကလေးငယ်ဟုလည်းသမုတ်ကြလေသည်။

ကြည့်ရတာတော့မင်းသားငယ်လေးကကောင်းချီးတွေအပြည့်နဲ့မွေးဖွားလာသည်ထင်ပါရဲ့
သိပ်လှတဲ့မျက်လုံးပြာပြာလေးတွေနဲ့ကြည့်လိုက်တိုင်းမြင်သူမှန်သမျှမေ့မြောသွားစေမည့်အလှအပမျိုးကိုပိုင်ဆိုင်ထားသည်။

ဘုရင်ကြီးဖြစ်သူ၊မင်းသားလေး၏ဖခင်မှာလည်းမိဖုရားကြီး၏ရင်ခွင်ထဲမှကလေးငယ်ကိုဂုဏ်ယူသောအကြည့်တစ်စုံဖြင့်ကြည့်ရင်းပြုံးရွှင်နေလျက်သာ...

"ဒီနေ့မှာတော့မိုးကောင်းကင်ကကျနော်တို့ဆီကိုကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ကလေးငယ်ကိုရောက်ရှိလာစေခဲ့ပါပြီ..ဗြိတိန်အင်ပါယာရဲ့စတုတ္ထမြောက်မင်းသားငယ်လေးဖြစ်တဲ့ဂျီမင်းအတွက်ဂုဏ်ပြုပေးလိုက်ကြရအောင်ဗျာ"

ဖြောင်း!!ဖြောင်း!!ဖြောင်း!!

"ပြီးတော့တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဆီမှာပြင်သစ်နိုင်ငံဆီကစာလွှာလေးတစ်စောင်ရောက်ရှိလာပါတယ်
ပြင်သစ်နိုင်ငံရဲ့မင်းသမီးလေးဆယ်လာဟာလည်းမင်းသားနဲ့အတူတစ်နေ့တည်းတစ်ရက်တည်းဖွားမြင်ခဲ့တဲ့အတွက်ယခင်ကမင်းကြီးတို့ရဲ့ကတိအတိုင်းတစ်လပြည့်လေးမှာစေ့စပ်လမ်းကြောင်းမယ်ဆိုတဲ့သတင်းကိုကြိုတင်ပြီးကြေညာလိုက်ရပါတယ်"

CAPTAIN JEON{Completed}Where stories live. Discover now