Our HoneyMoon(Extra)

1.8K 220 40
                                    

Unicode

"ဂျွန်ရေလို့..."

"မရဘူးကွာ"

"တစ်ခါပဲလေ ဒီဟာလေးလိုက်လျောပေးရင်ထပ်ပြီး
ဘာမှမတောင်းဆိုတော့ပါဘူး"

မင်းသားလေးမှမျက်လုံးလေးများကိုအတန်ငယ်ဝိုင်းလိုက်ပြီးမျက်နှာလေးငယ်နေရှာသည်။
ယခင်ကမင်းသားလေးဘာလုပ်လုပ်
တစ်ချက်အပြစ်မဆိုတဲ့ပင်လယ်ဓားပြကြီးက
ဒီတစ်ခေါက်မှာတော့လုံးဝမလိုက်လျောပါချေ။

"ပိုဆိုးသွားလိမ့်မယ်
ဂျီမင်း ကိုယ်ပြောတာနားထောင်
ခေါင်းမမာချင်စမ်းပါနဲ့ကွာ"

"ကျွန်တော်နှင်းတွေသဘောကျတာဂျွန်သိရဲ့သားနဲ့"

"သိတယ် သိတာပေါ့
ကိုယ့်မင်းသားလေးသဘောကျတာမှန်သမျှ
အကုန်သိတယ်
ဒါပေမယ့်မင်းဖျားနေတယ်လေကွာ"

မှန်ပါသည်
ဂျီမင်းကကိုယ်အနည်းငယ်ပူကာဖျားနေသည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်ကပင်လယ်ပြင်ကမုန်တိုင်းတစ်လုံးမိခဲ့ပြီးနောက်ပိုင်းမှာတော့သင်္ဘောကရေခဲတောင်ဒေသနဲ့နီးစပ်လာလို့နေသည်။
ထိုသို့မမျှတသောရာသီဥတုအခြေအနေကြောင့်
မင်းသားလေးကကိုယ်တွေပူပြီးဖျားနေသည်။

"ဂျွန်ကကျွန်တော့်ကိုမချစ်တော့ဘူးလား"

"ဟာ..."

"ချစ်တယ်မလား ချစ်ရင်ဒီတစ်ခေါက်ပဲနှင်းတွေကိုကြည့်ခွင့်ပေးပါ"

ရောက်နေသည်ကဂျွန့်ရဲ့ကပ္ပတိန်အခန်းထဲမှာ...
နေမကောင်းဖြစ်နေတာကြောင့်ဂျွန်ကဂျီမင်းအားစောင်များနှင့်လုံးကာဖက်ထုပ်လေးအသွင်ချိန်းထားလေသည်။
ထိုမှတစ်ဆင့်စောင်ပုံလေးအားဖက်သိမ်းကာထားသည့်အတွက်ဂျီမင်းအတွက်ကတော့ဒီလိုအေးစက်စက်ရာသီဥတုမျိုးမှာနွေးထွေးနေသည်။

"ဂျွန် ချစ်တယ်နော်
အပြင်ကိုထွက်ခွင့်ပေး"

အပြင်ဘက်မှာနှင်းတွေကထူထူထဲထဲကျနေသည်မို့မင်းသားလေးကတွေ့ဖို့ပူဆာနေခြင်းဖြစ်သည်။
ဒါကိုဂျွန်ကလည်းပိုဖျားမှာစိုးသည့်အတွက်အသည်းအသန်ငြင်းသည်။

"နောက်တစ်ခေါက်ကျရင်ကိုယ်ပြပါ့မယ်
ဖျားနေတယ်"

"မထွက်ခိုင်းဘူးလား"

CAPTAIN JEON{Completed}Where stories live. Discover now