Chapter5

3.6K 535 29
                                    

Unicode

သင်္ဘောဝမ်းဗိုက်လှေကားမှတစ်ဆင့်ကြမ်းပြင်အပေါ်ထိရောက်လာသည်။
ပဲ့၏အောက်တွင်ဖွဲ့စည်းထားသောအခန်းငယ်နှစ်ခုရှိသည်။ညာဖက်ခန်းကကပ္ပတိန်ဂျွန်၏အခန်းဖြစ်ကာတစ်ဖက်ကထယ်ယောင်း၏အခန်းဖြစ်သည်။
ဂျွန်ကတော့ဖြောင့်ဖြောင့်တန်းတန်းပင်သူ၏ကိုယ်ပိုင်အခန်းထဲသို့ဝင်သွားလေသည်။
ဂျွန်၏နောက်တွင်လိုက်ပါလာသူကမင်းသားလေးကထမင်းပန်းကန်များအစီအရီတင်ထားသည့်ဗန်းကိုယူကာဆူပုတ်၍လိုက်လာသည်။

ဘယ်တတ်နိုင်မလဲ
အခုချိန်မှာသူ့၏နေရာကိုရောက်နေသည်မဟုတ်ပါလား။
သူ့နေရာနှင့်သူနေနိုင်မှတော်ခါကျမည်။
တော်ကြာသူ့စိတ်နဲ့မထင်ရင်ပင်လယ်ထဲပစ်ချခံနေရဦးမည်။

ကိုယ့်နေရာပြန်ရောက်ရင်တော့ထိုပင်လယ်ဓားပြကြီးအားရှည်နေသောအရပ်တောင်ပုသွားအောင်ထုပြီးနုတ်နုတ်စဉ်းပစ်လိုက်ချင်ပါ၏။

"အဟမ်း အဟမ်း"

"ဘာလဲ"

"စားပွဲခုံပေါ်မချပဲအဲ့မှာဘာရပ်လုပ်နေတာလဲ"

ဒုန်း!!!

"ဖြည်းဖြည်းချလည်းရပါတယ်
ငါ့ပန်းကန်တွေကွဲကုန်လိမ့်မယ်"

ဒီသင်္ဘောပေါ်ရောက်တာတစ်ရက်တောင်မပြည့်သေးဘူး
ထိုလူကြီး၏အကြောင်းကိုနှိုက်နှိုက်ချွတ်ချွတ်ကိုသိလိုက်ရသည်။ဘယ်လိုတောင်ကပ်စေးနှဲလိုက်တဲ့ဟာကြီးပါလိမ့်

"စားမလား"

"ဟမ်"

"မင်းပဲစောနကဗိုက်ဆာတယ်ဆို
ငါကစေတနာနဲ့မေးတာပါ"

"ဟုတ်တယ်လေ ပြောခဲ့တယ်"

"ဒါဆိုဟိုစားဖိုဆောင်ပဲနောက်တစ်ပန်းကန်သွားယူလာခဲ့မင်းသူများတွေနဲ့မစားချင်ဘူးဆိုတာငါသိတယ်"

"ဟိုလေ..."

"ပြောစရာရှိလို့လား"

"ကျွန်တော်အဲ့စားဖိုမှူးကြီးနဲ့မနေချင်ဘူးပြီးတော့..."

"ဆက်ပြောလေ"

"ညဘက်ကျရင်အိပ်တော့လည်းသူများတွေနဲ့ရောပြီးမအိပ်ချင်ဘူး"

CAPTAIN JEON{Completed}Where stories live. Discover now