We will meet the stars(Extra2)

844 103 3
                                    

Unicode

မနေ့ညကဂျွန်နှင့်များစွာအချစ်စမ်းပြီးနောက်မှာတော့မင်းသားလေးဟာမောပန်းပြီးအိပ်ပျော်သွားလေပြီ။
မနက်ခင်း၏ပထမဆုံးနိုးလာသောဂျွန်ကရင်ဘတ်ပေါ်ခေါင်းတင်အိပ်နေသည့်မင်းသားလေးအားတစ်ချက်ကြည့်သည်။
မင်းသားလေးနယ်မြေကျူးကျော်ထားပုံကတစ်ကိုယ်လုံးသူ့အပေါ်ရောက်မတတ်ပင်...။

ယခင်ကအတိုင်းမပြောင်းမလဲပဲရှိနေပါသည့်ရွှေရောင်ဆံနွယ်များကဝဲခါ၍ကျနေသည်။
အတွန့်အကောက်လေးတွေကခေါက်ဆွဲနှင့်ပင်တူသေးတာမို့ကြိတ်ပြီးရယ်မိလိုက်သေးသည်။
လက်ကလည်းထိုရွှေရောင်ခေါက်ဆွဲဆံပင်လေးများကိုတစ်မျှင်ချင်းစီသေသေချာချာသပ်တင်ပေးနေသည်။

"အင်းးးး"

ရင်ဘတ်ပေါ်မှခေါင်းလေးသည်လှုပ်လာသည်။
ဂျွန်၏လက်သည်ရပ်တန့်သွားပြီးမျက်နှာလေးအားတစ်ချက်မော့ယူလိုက်သည်။
ပေါ်လာသည့်မျက်နှာလေးသည်ပကတိရှင်းသန့်နေကာချစ်စရာပင်ပို၍ကောင်းနေသည်။
မင်းသားလေးကိုကပ္ပတိန်ဂျွန်အသည်းမယားတဲ့အချိန်ရှိပါသေးလား။

"ကောင်းသောနံနက်ခင်းလေးပါ ကိုယ့်မင်းသားလေး
မနက်စာဘာစားမလဲ"

"အိပ်ချင်သေးတယ်"

"မအိပ်နဲ့တော့ အပြင်ကနေလုံးကြီးကိုကြည့်ပါဦး"

"မကြည့်ချင်ဘူး"

"ထကြရအောင် လာကွာ"

ဖိကပ်အိပ်နေသည့်ကိုယ်လုံးလေးကဂျွန်ကဆွဲမသွားသည်။ဖယောင်းတိုင်တစ်တိုင်ခန့်ကုန်ဆုံးအပြီးတွင်တော့ခိုးခိုးခစ်ခစ်ရယ်သံလေးများကြားလာရတော့သည်။

ဤနေ့ကဂရိကိုလည်ပတ်မည့်ပထမဆုံးနေ့ဖြစ်သည်။
သင်္ဘောသားတွေကသူ့ဟာနဲ့သူလျှောက်လည်ကုန်ကြပြီမို့နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်လျှောက်သွား၍ရနိုင်သည်။
ထို့ကြောင့်ပထမဆုံးဂရိ၏ဈေးထဲသို့ဝင်လာခဲ့တော့သည်။

"အမျိုးသန့်သန့်လှလှပန်းသီးတွေရမယ်ဗျို့!!"

"မီးခွက်တစ်ခွက်ကိုမှဒင်္ဂါး၃၀ပြားပဲနော်
ဝယ်ထား"

ဈေးကြီးဖြစ်သည့်အတွက်လူကအတော့်ကိုစည်စည်ကားကားရှိလှသည်။
ဝယ်စရာလည်းများများစားစားမရှိတာကြောင့်မင်းသားလေးတို့သည်ဈေးအားဒီတိုင်းလှည့်ပတ်ကြည့်ရင်းသာရှိနေတော့သည်။

CAPTAIN JEON{Completed}Where stories live. Discover now