Chapter11

2.9K 383 79
                                    

Unicode

နိုးလာတော့ပုံမှန်လိုဟုတ်မနေသောနွေးထွေးတဲ့ခံစားချက်ကြောင့်ကြည့်လိုက်မိသည်။အနေအထားအားဖြင့်ဂျီမင်းကသူ့ရင်ခွင်ထဲမှာကွေးကွေးလေးအိပ်ပျော်နေသည်။ဂျီမင်းကဒီကိုဘယ်လိုရောက်နေတာလဲ
ငါမနေ့ညကမူးပြီးများ....
မဟုတ်သေးပါဘူး မနေ့ညကဘာတွေဖြစ်သွားတာလဲ

ရင်ခွင်ထဲမျက်နှာအပ်နေသောရွှေရောင်ခေါင်းလုံးလုံးလေးကိုငုံ့ကြည့်လိုက်တော့လှုပ်ရွရွဖြစ်လာတာကြောင့်အသာပြန်ငြိမ်နေလိုက်သည်။
ခေါင်းလုံးလုံးလေးကအသာထလာပြီးအိပ်မှုံစုံမွှားဖြင့်သူ့မေးစေ့ကိုလာနမ်းပြီးရင်ဘတ်ကိုခေါင်းနဲ့ပွတ်ကာပြန်အိပ်ပျော်သွားတော့သည်။ရင်တွေခုန်လွန်းလို့ပေါက်ထွက်တော့မတတ်ပဲ
ဘယ်လိုလုပ်ရမလဲ....

"နိုးနေတာကိုသိတာမို့လို့အိပ်ချင်ယောင်ဆောင်မနေပါနဲ့"

"မင်းကဒီကိုဘယ်လိုရောက်နေတာလဲ"

ချက်ချင်းရုတ်သွားတဲ့ခါးပေါ်ကလက်တွေကိုအသာပြန်ဆွဲယူကာသူ့ခါးပေါ်ပြန်တင်ထားလိုက်သည်။ကြည့်ရတာတော့အိပ်ချင်မပြေသေး...
အဲ့ဒါကြောင့်မို့လို့ပဲဒီလိုဖြစ်တာနေမှာပါ။
ပုံမှန်ဆိုမင်းသားလေးကသူ့ကိုဆိုလုံးဝသဘောမကျဘူးလေ။

"ခင်ဗျားကြောင့်..."

"ဘာရယ်"

"ခင်ဗျားမနေ့ညကဆွဲခေါ်ထားလို့ဒီကိုရောက်နေရတာ"

"ဒီမှာအကယ်၍များမနေ့ညကငါမင်းကိုတစ်ခုခုလုပ်ခဲ့တာပဲဖြစ်ဖြစ်တစ်ခုခုများပြောခဲ့တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကွာ
အလိမ်အညာလို့သတ်မှတ်ပေးပါ ငါမူးနေလို့
မင်းပြောတဲ့အတိုင်းအရက်ကိုမသောက်ခဲ့သင့်ပါဘူး"

ထိုသို့ဆိုတော့ရင်ခွင်ထဲကကောင်လေးကရုတ်တရက်ထလာပြီးမီးဝင်းဝင်းတောက်နေသောအကြည့်တစ်စုံဖြင့်ကြည့်သည်။ထိုအကြည့်များ၏အရှိန်ကဂျောင်ကုကိုတောင်ချက်ချင်းတောက်လောင်သွားမလိုပင်။

"ခင်ဗျားကျွန်တော့်ကိုချစ်တယ်လို့ပြောခဲ့တာကိုရောအလိမ်အညာလို့သတ်မှတ်ရမှာလား"

CAPTAIN JEON{Completed}Where stories live. Discover now