💕4💕

1.9K 180 11
                                    

Uni

ဂျောင်ကုလဲပြန်သွားတော့ ထယ်လဲတစ်ရေးတစ်မော အိပ်တာပေါ့
မနက်အိမ်ပြန်ရောက်ကတည်းကအိပ်လိုက်တာ ညနေဆောင်းမှပြန်နိုးလေရဲ့ ထယ်လဲနိုးနိုးချင်းလန်းသွားအောင် မျက်နှာသစ် ဖို့ထသံားတာပေါ့ ခြေထောက်ကလဲနာနေတော့ဖြည်းဖြည်းချင်းလျှောက်သွားလေရဲ့ မကြာပါဘူး ရေချိုးခန်းထဲကနေမျက်နှာသစ်ပီးပြန်ထွက်လာတယ် ထိုအချိန်မှာပဲ

"ထယ်ယောင်းရေ ငါလာတယ်"

"အော် ဂျီမင် ငါအခန်းထဲမှာလာလေ"

ဂျီမင်လဲအခန်းထဲဝင်သွားတာပေါ့

"ဘာလာလုပ်တာလဲ ဂျီမင် "

"အော် ငါစာအုပ်လာပေးတာလေ ဟိုလူကြီးအိမ်ပြန်လိုက်ပို့ပေးတာလား"

"အင်း ဟုတ်တယ် "

"ရော့ရော့ စာအုပ် ငါပြန်တော့မယ်  Ommaကနောက်ကျရင်ဆူလိမ့်မယ်"

"အေးအေး စာကူ‌းပေးတာကျေးဇူးပဲနော် မနက်ဖြန်လဲကျောင်းတက်လို့မရသေးဘူး မင်းပဲသွားတော့နော်"

"မတက်သေးဘူးလား အဲ့တာဆို စာအုပ်ပြန်ပေးလေ မနက်ဖြန်အတွက်ပါ ကူးပေးမယ်လေ "

"ရပါတယ်ကွာ မနက်မှဝင်ယူလိုက်လေနော် ငါစာလုပ်ရအုံးမာလေ ဝင်ယူလို့ရတယ်မလား"

"ဝင်ယူတာက ရတယ် မင်းကလဲကွာတစ်ရက်ကလေးစာမလုပ်တာသေမသွားပါဘူး မင်းအဖေတောင် လွှတ်ပေးထားတာကို ခုကအနာနဲ့လေ ပင်ပန်းလာရင် အနာရှိန်နဲ့ဖျားလိမ့်မယ် ကဲပါ ငါယူသွားပီနော် ပြန်ပီ "

"...."
ဆူပုတ်ပုတ်လေးနဲ့ဘာမှပြန်မပြောပဲငြိမ်နေလေရဲ့

(ဆူပုတ်ပုတ်ပုံလေး)

(ဆူပုတ်ပုတ်ပုံလေး)

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.
MY BAD BOY [Complete]Dove le storie prendono vita. Scoprilo ora