💕13💕

1.1K 95 9
                                    

Uni

ထယ်တို့စာမေးပွဲဖြေတာနေ့တိုင်း ကောင်းကောင်းဖြေနိုင်ခဲ့တယ် နောက်ဆုံးနေ့လဲရောက်ရော

"Appa Appa ရေ Appa "

"ဘာဖစ်လို့အော်နေတာလဲ မင့်ပထွေးကဒီမာထိုင်နေတာမမြင်ဘူးလား"

"ဟမ် အဖေကသား‌အဖေအရင်းမဟုတ်ဘူးလား"

"ဒီကောင်တော့ငါလုပ်ရသေတော့မယ် ငါကစကားအဖစ်ပြောတာကွ မင့်ပထွေးသာဆို အိမ်ပေါ်ကကန်ချလိုက်လို့ ‌ခုချိန်မင်းခွေးဖစ်နေလောက်ပီ"

"Appa ရယ် Appa ရဲ့စိတ်ရင်းအမှန်က သားကို အိမ်ကနေနှင်ချမလို့ပေါ့်လေ ရပါတယ်လေ Appa နှင်ချလဲ ထယ်ထယ်လေး လင်နောက်လိုက်ရုံပေါ့"

"ဒီခွေးမသားကတော့ ငါလုပ်ထည့်လိုက်ရ လျှာကိုရှည်တယ် ဘလိုလဲဖြေနိုင်တယ်မဟုတ်လား"

"ဟုတ် ဖြေနိုင်တယ် Appa "

"ဒါဖြင့် ဘာပြောဖို့ ဖင်လိပ်ခေါင်းထွက်အောင်အော်လာတာလဲ"

"ဟီးး ကျတော်တို့ မနက်ဖြန်လံဒန် သွားရအောင်"

"ဟေ ဘလိုဖစ်တာတုန်းချက်ချင်းကြီး "

"လုပ်ပါ Appa ရယ် လိုက်ပို့ပါနော်"

"သွားချင်လဲ မင့်သူငယ်ချင်းတေခေါ်ပီးမင့်ဟာမင်းသွားပါလားကွ gym ဆော့ထားတဲ့ ဗလကြီးမှအားမနာ ငါကဘာလို့လိုက်ရမာတုန်း"

"ဒါပေမဲ့ အခု da အဲ ဂျောင်ကုက အဲ့မာလေ"

"အဲ့တာငါနဲ့ဘာဆိုင်လဲ"

"Appa ရာ ကတိလဲမတည်ဘူး"

"ဟေ ပြောစမ်းပါအုံး ငါကဘာကိုကတိမတည်လို့လဲ"

ထယ်လဲလေပူတစ်ချက်မှုတ်ထုတ်ပီး

"Appa ပြောတယ်လေ ‌ကျတော်ကျောင်းပီးရင် သူ့ကိုလိုက်တောင်းပေးမယ်ဆို အခုလိုက်တောင်းပေးလေ သူလဲအဲ့မာရှိတုန်း သူ့မိဘတေလဲအဲ့မာဆိုတော့ တစ်ခါထဲအဆင်ပြေတယ် ပီးရင် ကျတော်ကသူ့ကိုအပီး သိမ်းလိုက်တော့မာ "

Appa ခမျာလဲ သူ့သားအပြောကြောင့် မျက်လုံးကအပြူးသား

"ထယ်ယောင်း မမြန်လွန်းဘူးလားကွာ"

"ဟမ့်အမ်း ကျတော်ပြောပီးသား ကျောင်းပီးတာနဲ့လို့လေ "

"ဘွဲ့တောင်မရ အလုပ်လဲမရှိဘဲ မင်းက အိမ်ထောင်ကိုဘလိုဦးစည်းမာလဲ "

MY BAD BOY [Complete]Where stories live. Discover now